Thursday 30 January 2014

Free Call

အားလုံးပဲ စိတ်ဝင်စားမယ်လို့ ထင်ပါတယ်ဗျာ..:P ။
ကျနော်သူငယ်ချင်းတို့ ကို Android  Application တစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်။
သူငယ်ချင်းတို့အတွက် ဆန်းဆန်းပြားပြားဖြစ်ချင်မှဖြစ်မယ်..:) ကျနော်အတွက်တော့
နည်းနည်းထူးဆန်းနေပါတယ်။ကျနော် တစ်နေ့ပျင်းပျင်းနဲ့ Playstore မှာဝင်ကလိတော့
Internationel Calling Apk တစ်ခုကိုသွားတယ်တွေ့တယ်ဗျာ။
အဲတာနဲ့ ဖုန်းထဲ့ ထည့်ပြီး သိတဲ့ အတိုင်းပဲ Free Call ဆိုတော့ အနားမှာရှိတဲ့ ဖုန်းတစ်လုံးစမ်းပြီး
ခေါ်ကြည့်တယ်ဗျာ...:) ထင်တောင်မထားဘူး ဖုန်းဝင်သွားတာပေါ့။
သေခြားအောင်လို့ နောက်ထပ်ဖုန်းတစ်လုံးထပ်ခေါ်ကြည့်တယ်ဗျာ....
ရနေပြန်ရော....:P  ....အဲတော့ ကြိုက်သွားတယ်.....သူငယ်ချင်းတွေကိုလဲ ပြန်မျှဝေမယ်လို့
စိတ်ထဲ့မှာ တွေးထားလိုက်တယ်။ Internationel Call ဆိုတော့ ကျနော်မြန်မာပြည်ကို ထိုင်းကခေါ်ရင်လဲ
ရမှာပဲလို့တွေးမိတယ်....အဲတာနဲ့ မြန်မာပြည်က အမေ့အိမ်ကို ခေါ်ကြည့်တယ်....
ဖုန်းဝင်သွားပါတယ်ဗျာ....အလွန်ဝမ်းသာသွားတယ်....ဟီး ...
မိမိရှိမှာတော့ Internat လိုင်းရှိနေရပါမယ်...ကိုယ့်ခေါ်မယ်ဖုန်းမှာတော့ အင်တာနက်လိုင်း ရှိဖို့မလိုပါဘူး။
လက်ရှိကျနောတင်ပေးတဲ့ Apk ကိုလဲ ထည့်ထားစရာမလို့ပါဘူး....နော်.
အမြဲတမ်းတော့ Free Call ရနေမှာမဟုတ်ပါဘူး...ကိုယ့်က အမြဲတမ်း Free Call အဖြစ်နဲ့သုံးချင်ရင်တော့
Application ရဲ့ အပေါ်ဆုံးက Free$  ဆိုတဲ့နေရာမှာ Facebook ကသူငယ်ချင်းတွေ Twitter ကသူငယ်ချင်းတွေ Gmail ထဲ့က ဘော်ဒါတွေကို Invite လုပ်ရပါမယ်...
အဲတာဆိုရင် တော့ OK တယ်ဗျာ...ဟီးး...ကျနော်တော့ ရှိရှိသမျှ အကောင့်တွေထဲ့ကသူငယ်ချင်းတွေကို
Invite လုပ်တယ်..။သူက Invite လုပ်လို့ တစ်ယောက် Confirm ပြန်လုပ်ရင် ပြား 50$ ပြန်ရမယ်.။
၂ ယောက်က Confirm ပြန်လုပ်ရင်တော့ 1$ ဒေါ်လာ အများကြီး လုပ်နေမယ်ဆိုရင်တော့ ..
ဖုန်းအကြိုက်ပြော ဟီးးး....တစ်ပြားမှ ကုန်တော့ဘူး။
အိုင်ဖုန်း သုံးတဲ့သူငယ်ချင်းများအတွက်လဲ အောက်မှာလင့်ပေးထားပါတယ်
စတင်အသုံးပြုမယ်ဆိုရင်တော့ Gmail အကောင့် တစ်ခု သို့ မဟုတ် အခြား Mail တစ်ခု
ခုရှိရပါမယ်။ Apk ကို ဖုန်းထဲ့ install လုပ်ပြီးတော့ ဖွင့်တဲ့ အခါကျရင် Register လုပ်ရပါမယ်။
အကောင်းဆုံးကတော့ Gmai အကောင့်တစ်ခုနဲ့ လုပ်တာအကောင်းဆုံးပဲဗျာ..
Password ကိုတော့ မိမိ ကြိုက်နှစ်သက်ရာ ပေးပြီး မှတ်ထားပေါ့ဗျာ.။
အဲတာဆိုရင်တော့ ဖုန်း Free Call စခေါ်လို့ရပါပြီ။ ကျနော်တို့ Register လုပ်တော့ သူတို့က 1$ ဒေါလာပေးပါတယ်။ မိမိ Content လုပ်ချင်တဲ့ သူငယ်ချင်းတစ်ယောက်ကို သာမန်ဖုန်းခေါ်သလို့မျိုးပဲ
စခေါ်ကြည့်ပါ။Caller ID ကိုတော့ Off ပေးထားနော်.။
အောက်မှာ ကျနော် ဖုန်းစမ်းခေါ်ထားတာလေးကို Videos ရိုတ်ပြီးပြန်တင်ပေးထားပါတယ်။
အဆင်မပြေရင်ပြောခဲ့ပါနော်...လက်တွေ့ စမ်းပြီးမှ တင်ပေးတာဖြစ်လို့ အဆင်မပြေရင်ကျနော်သိသလောက်ပြန်ဖြေပေးပါမယ်။
                                                                                      အိုင်တီအိမ်မက်

Android Phone ပျောက်သွားပါ က အဝေးမှ ထိန်းချုပ်မှု / အထိရောက်ဆုံးနည်းလမ်း

Android Phone ပျောက်သွားပါ က အဝေးမှ ထိန်းချုပ်မှု / အထိရောက်ဆုံးနည်းလမ်းဖြစ်ပါတယ်။။
စည်းကမ်းမရှိတဲ့သူတွေအတွက်ပေါ့နော် နော်နော်လိုမျိုးတွေပေါ့။။
လုပ်ဆောင်ပေးနိုင်တာတွေကတော့ အများကြီးပါပဲ့  (၁) ခု ပဲ ပြောတော့မယ် ပျောက်သွားတော့ ဖုန်သုံးနေတဲ့သူကိုတောင်  front camera ဓါတ်ပုံလှမ်းရိုက်ပြီးချက် ချင်းကြည့်
လို့ရပါတယ်။ နောက်ထပ်လုပ်လို့ရတာအများကြီးရှိပါသေးတယ်။။
 ပြုလုပ်နိုင်မဲ့feature တွေ ကိုအောက် မှာဖော်ပြထားပါတယ် ။


၁ ။။ဒီကောင်လေးကို မိမိ Phone မှာ Install ပေးလိုက်ပါ။။
     >>>>>>Download Personal Notes
၂ ။။ ဒီကနေသွားပီး Click Signin ၀င်လိုက်ပါ။။
      google မှ approve တောင်းပါလိမ့်မည် ။
     ထိုသို့ approve လုပ်ပီးပါက အောက်ပါတိုင်း ” congraculation your email account is
     connected to your phone and you can use the controls ” ဆိုပီးပေါ်လာပါ့မယ် အဲဒီကျရင်
     OK ကိုနှိပ်လိုက်ပါ ။ ဒါဆိုရင် ဖုန်းကို control လုပ်လို့ရပါပီ ။
     မှတ်ချက်။။ မိမိ Google Account ဖြစ်ရမယ်။။ Browser မှာဖြစ်ရမယ်။
၃ ။။ Install ထားသော Phone မှ app ကိုဖွင့်လိုက်ပါ။။
      google server မှ key ရယူပီး register   လုပ်ပီးကြောင်းစာတန်းပေါ်လာကာထိုစာတန်းပြန်ပျောက်သွားပါလိမ့်မယ် ။

အဲဒါဆိုအဆင် ပြေပါပီး။။ 

 ပြုလုပ်နိုင်မဲ့feature တွေ
 Remotely control your Android phone from the internet or by SMS.
Features:
* read sent and received SMS messages
* wipe phone
* lock phone
* erase SD card
* locate by GPS or network
* start alarm with flashing screen
* send SMS from web page
* message popup
* forward calls
* remote install
* phone status: battery, imei, etc.
* remote SMS alarm
* remote SMS lock and unlock
* remote SMS erase SD card
* remote SMS wipe phone
* remote SMS APN control
* start/stop GPS
* start/stop WIFI
* hide from launcher
* email when SIM card is changed
* get call list
* take picture with front camera
* take picture with rear camera
* make your phone speak with text-to-speech
* SMS message command
* SMS speak command
* lock timeout
* restore settings on boot
* record sound from microphone
* start and stop data connection from SMS
* start and stop WIFI connection from SMS
* content browser prototype

မှတ်ချက် ။။ ၁ ။ ပျောက်သွာတော့ Phone မှာ Internet Connection ရှိနေမှနော်။။
               ၂ ။ Phone မှ Google Account  အကောင့် နှင့် Browser မှ Google Account တူ နေမှ။။

အားလုံးပဲ အဆင်ပြေစွာပြုလုပ်နိုင်ကြပါစေ။။

Monday 13 January 2014

ကွန်ပျူတာ Passwords မေ့လို့ဖွင့်လို့မရခဲ့လျှင်

ကိုယ့်ရဲ့ကိုယ်ပိုင် ကွန်ပျူတာလေးမှာ သူများမသိစေချင်တဲ့အကြောင်းအရာလေးတွေရှိလို့ Passwords နဲ့
ပိတ်ထားကာမှ အချိန်ကြာလာသောအခါ အမှုမဲ့အမှတ်မဲ့ နဲ့မေ့သွားတတ်ပါတယ်။ ထိုအခါ ကိုယ့်အတတ်နဲ့
ကိုယ် ကွိုင်တက်တော့တာပါဘဲဗျာ..။ ထိုအဖြစ်မျိုးကြုံတွေ့နေရသူတွေအတွက်ကော ၊ Passwords ဖွင့်နည်း
သိချင်သူတွေအတွက် နည်းလမ်းလေးများဖြစ်နိုင်သလောက်ဖော်ပြပေးလိုက်ရပါတယ်..။

◘◘
နည်းလမ်း(၁)◘◘


ကွန်ပျူတာစသုံးတဲ့အခါ သို့မဟုတ် ၀င်းဒိုးတင်တဲ့အခါတွေမှာ Username မဖြစ်မနေပေးခဲ့
ရပါတယ်။ ထိုအခါ ကွန်ပျူတာမှာ Username နဲ့ Administrator ဆိုပြီးအကောင့်နှစ်ခုဖြစ်
သွားပါတယ်။ ဥပမာ Username မှာ MgMg လို့ပေးခဲ့ရင် MgMg နဲ့အတူ Administrator
ဆိုတဲ့အကောင့်က ပူးတွဲပါရှိလာပါတယ်။ မိတ်ဆွေက MgMg မှာ passwords ပေးထားခဲ့တယ်
ဒါပေမယ့် မေ့သွားပြီဆိုလျှင် ကွန်ပျူတာကို Restart ချလိုက်ပါ။ Restart ချလိုက်တာနဲ့တပြိုင်
နက် F8 ဆိုတဲ့ Key ကိုအဆက်မပြတ်နှိပ်ပေးထားပါ။ နှိပ်ပါဟုဆိုရာတွင် ဖိထားခိုင်းခြင်းမဟုတ်
ပါ။ ထိုအခါ Safe Mode မြင်ကွင်းကိုရောက်ရှိသွားပါမယ်။ Safe Mode ဆိုတဲ့စာသားနေရာကို
Arrow Key နဲ့ရွှေ့ပြီး Enter ခေါက်လိုက်ပါ။ အချိန်အနည်းငယ်တော့စောင့်ရပါမယ်။ ထိုအခါ
ကွန်ပျူတာသည် Safe Mode မြင်ကွင်းနဲ့ပွင့်လာပါလိမ့်မယ်။၎င်းတွင် Administrator နှင့်
Username ( MgMg) ကိုတွေ့ရပါမယ်။ Username ( MgMg) သည် passwords မေ့နေသူရဲ့
အကောင့်ပါ။ယခု Administrator အကောင့်ကိုဖွင့်လိုက်ပါ၊ Safe Mode နဲ့ဝင်ထားတာဖြစ်တဲ့အ
အတွက် MgMg အကောင့်ကိုတော့ဝင်လို့ရမည်မဟုတ်ပါ။ Start> Control Panel မှ User
Accounts ( icon ) ကို ကလစ်လုပ်ဖွင့်ပါ။
User Account (box) ပေါ်လာပါမယ်။ ၄င်းတွင် "or pick an account to change" လို့တွေ့ရ
ပါမယ်။ ထိုအခါMgMg ဆိုတဲ့အကောင့်ကို ကလစ်လုပ်လို့ရနိုင်ပါပြီ။ထိုအခါနောက်ထပ်မြင်ကွင်း
တစ်ခုပေါ်လာပါမယ်။ ၄င်းတွင် "What do you want to change about
account လို့တွေ့ရပါမယ်။ ၄င်းတွင် "Change the password" ကိုရွေးချယ်ပြီး password အ
သစ်တစ်ခုပေးပါ။ အရင်စဉ်းစားလို့မရတဲ့ password ကို ပင်ပန်းခံမစဉ်းစားပါနဲ့.။မေ့လိုက်ပါ
အရင်ကဇာတ်လမ်းလေး…..အဲ..ယောင်လို့.. တကယ်လို့ "Remove the password" ကိုရွေး
ရင် ဘာpassword မှထည့်စရာမလိုတော့ဘဲ ကွန်ပျူတာပွင့်လာပါလိမ့်မယ်။ "Type a new
Password" မှာ passwords အသစ်ထည့်ပေးပါ။ မထည့်ချင်လဲ ဒီအတိုင်းထားပါ။
Change password ခလုပ်ကိုနှိပ်ပါ။ ကွန်ပျူတာကို ပုံမှန်အတိုင်း Restart လုပ်ပါ။ အကောင့်
မှာ password တောင်းရင်လဲ ပတ်ဝေါ့ ပေးပြီးဝင်နိုင်ပါတယ်။ မတောင်းရင်လဲ ဒီအတိုင်းဘဲ
ပွင့်သွားပါလိမ့်မယ်။

◘◘နည်းလမ်း(၂)◘◘

ကွန်ပျူတာမှာ အခြားသူတစ်ဦးဦးက၀င်လို့ရရင် (အခြား User ရှိရင် သူ့အနေနဲ့ဝင်ပါ)။
ပထမနည်းအတိုင်းဆောင်ရွက်နိုင်ပါတယ်။

◘◘နည်းလမ်း(၃)◘◘

ယခုနည်းတွင် ကွန်ပျူတာရဲ့ CD Drive မှာ ၀င်းဒိုးစီဒီကိုထည့်ထားပါ။ BIOS သို့ဝင်ပြီး
First Boot ကို CD-ROM သို့ပြောင်းပါ။ ကွန်ပျူတာကို ပြန် Restart လုပ်ပါ။ ကွန်ပျူတာ ပြန်ပွင့်တာနဲ့
Press any Key to boot from CD ဆိုတဲ့စာသားပေါ်လာတာနှင့် တစ်ပြိုင်နက် ကီးခလုပ်တစ်ခုခုကို နှိပ်
လိုက်ပါ။ Screen ကိုသေသေချာချာကြည့်ပြီး ပေါ်လာတဲ့ ညွှန်ကြားချက်များအတိုင်း သေသေချာချာပြုလုပ်
ပါ။ ဥပမာ - Licensing Agreement ပေါ်ရင် F8 ကီးကိုနှိပ်တာမျိုးဖြစ်ပါတယ်။ မကြာခင် To set up Windows
XP … To repair a Windows XP..လို့ပေါ်လာရင် (R=Repair) ကိုရွေးချယ်လိုက်ပါ။ R ကီးကိုနှိပ်ပါ။ ဆက်ပြီးဆောင်ရွက်မှုများကိုကြည့်နေပါ။ ၀င်းဒိုးစ် reboot တစ်ချက်ပြန်ဖြစ်ရင် မည့်သည့်ကီးကိုမျှ ၀င်မနှိပ်ပါနဲ့။
ဆိုလိုတာက " Press any Key to boot from CD" ဆိုပြီးပြန်ပေါ်ရင် ကီးခလုပ်ကိုမနှိပ်ပါနဲ့။ အလိုလို install လုပ်နေပါလိမ့်မယ်။
မြင်ကွင်းဘယ်ဘက် အောက်ခြေကို သတိပြုကြည့်ပါ။ အဲဒီမှာ "Installing Device" progress bar ဆိုတာပေါ်ရင် "Shift+F10" ကီးများကိုနှိပ်လိုက်ပါ။ ၄င်းသည် အဓိကပြင်ရမယ့် နေရာဖြစ်ပါတယ်။
Command console ပွင့်လာပြီး အဲဒီမှာပြင်ရပါ့မယ်။ "NUSRMGR.CPL" လို့၇ိုက်ထည့်ပြီး Enter ကီးကိုနှိပ်ပါ။
သင့်ရဲ့ User Account (box) ကိုမြင်ရပါမယ်။ ၄င်းတွင် password ကိုပြောင်းလိုကပြောင်း.. ဖယ်လိုက ဖယ်ထုတ်နိုင်ပါပြီ။ တကယ်လို့ password အသစ် မပေးချင်ရင် "Control user-passwords2" လို့ရိုက်ထည့်နိုင်
ပါတယ်။ မြင်ကွင်းများကို ပိတ်၊ command box ကနေထွက်ပြီး Repair လုပ်ငန်းစဉ်ကို ဆက်လုပ်ပါ။ လုပ်ငန်းအားလုံးပြီးရင် ကွန်ပျူတာကို သုံးနိုင်ပါပြီ..။