Wednesday 26 June 2013

ဆော့ဝဲလ် တွေကိုမြန်မာလိုပြင်သုံးမယ်

ဆော့ဝဲလ် တွေကိုမြန်မာလိုပြင်သုံးမယ်


အမှန် တကယ် ကတော့ အပေါ် ကဟာ က အင်္ဂလိပ် လို့ပဲသုံးလို့ရပါ ဗမာကိုရွေးသုံးလို့ရတဲ့နည်းခုရေးပြပါမယ် လွယ်လွယ်လေးပါ အရင်ဆုံး install လုပ်ထားတဲ့ folder ဆီသွားပါ program files ထဲမှာရှိတာများပါတယ် ပြီးရင် အဲထဲ့က language folder ထဲ့သွားလိုက်ပါ
နာမည် တချို့ကျတော့ lang လို့ပေးထားတယ် အောက်မှာကြည့်ပါ ဖိုင်တွေ တွေ့ပါလိမ့်မယ်

English ကို ကော်ပီပွားလိုက်ပါ ပြီးတော့ note pad နဲ့ဖွင့် အောက်ကလို့ပြင်လိုက်ပါ စိတ်တိုင်းကျဘာသာပြန်ပြီးတော့ save လိုက် ပါ ကျတော် တော့ myanmar လို့ save လိုက်တယ်

ကဲ့ ပြီးရင် setting ထဲ့ဝင်ပြင်ပြီးတော့ သုံးလို့ရပါပြီ ပြီးရင် winrar နဲ့ portable ဖြစ်အောင် လုပ်ပြီးတော့ သူများတွေကိုပေးရင်းဖိန် ပေါ့ဗျာ ကျတော်လုပ်တာလေ ဒီဟာ ဖတ်မိရင်တော့ဆဲခံရမှာမြင်ယောင်သေး။



ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ
You might also like:

Sunday 23 June 2013

Android Pattern Lock ကျသွားရင် ပြန်ဖြည်နည်းများ



  

မင်းမင်း: Lock Pattern ကို အကြိမ်များစွာ မှားတဲ့အတွက် ဖုန်းပြန်ဖွင့်လို့မရ ဖြစ်နေပါတယ် ဘယ်လိုပြန်ဖွင့်ရမယ်ဆိုတာ ကူညီပါအုံးဗျာ....
နည်းလမ်း (၁)
ဒီနည်းလမ်းကိုပြုလုပ်ဖို့အတွက် Pattern Lock ကျနေသောဖုန်းသည် Root လုပ်ထားသောဖုန်းဖြစ်ရမည် ။ USB Debugging On ထားခဲ့သောဖုန်းဖြစ်ရမည်။
အဲဒီအချက်တွေပြည့်စုံပြီဆိုရင်တော့ အောက်ကအဆင့်တွေဆက်လုပ်ကြရအောင်။
အရင်ဆုံး ဒါလေး အရင်ဒေါင်းပါ – http://www.mediafire.com/?t09z9o9nea07ao4
ဒေါင်းပြီးရင်တော့ သင့်တော်ရာနေရာမှာ ဖြည်ထုတ်ပါ .
ဖြည်ထုတ်လို့ ပြီးတဲ့ Folder ထဲဝင်ပြီး လွတ်တဲ့တစ်နေရာရာမှာ SHIFT + RIGHT-CLICK နှိပ်ပြီး ၊ Open Command Window Here ဆိုတဲ့စာသားကို ရွေးပြီး Click လိုက်ပါ
Command Window တက်လာပါလိမ့်မယ် .
နောက်တစ်ဆင့်တက်မယ် .
Pattern Lock ကျနေတဲ့ ဖုန်းကို ပါဝါဖွင့်လျက်ထားပြီး ကွန်ပျုတာနဲ့ ချိတ်ဆက်လိုက်ပါ .
အောက်မှာပေးထားတဲ့ command တွေကို copy ကူးပြီး Command Window ထဲမှာ Paste လုပ်ပါ . ပြီးရင် Enter ခေါက်ပေးပါ..။
adb shell
cd /data/data/com.android.providers.settings/databases
sqlite3 settings.db
update system set value=0 where name=’lock_pattern_autolock’;
update system set value=0 where name=’lockscreen.lockedoutpermanently’;
.quit

Bypass-Android-Pattern-Unlock1-PC
အဲဒါပြီးရင်တော့ စက်ကို Reboot လုပ်လိုက်ပါ .
စက်ပြန်တက်လာအောင်စောင့်ပေးပါ . တက်လာပြီဆိုရင်တော့ သင့်ဖုန်းမှာ Pattern Lock က မပြုတ်ပဲ ကျန်နေပါလိမ့်ဦးမယ် . အဲဒီအတွက် နောက်ထပ် Command တစ်ကြောင်းထပ်ရိုက်ပေးရပါဦးမယ်
အောက်မှာပေးထားတဲ့ စာကြောင်း ရိုက်ပြီးသွားရင်တော့ စက်ကို reboot လုပ်စရာမလိုတော့ပါ .
adb shell rm /data/system/gesture.key


Bypass-Android-Pattern-Unlock2-PC

Video ကို ဒီ Link မှာကြည့်နိုင်ပါတယ်....။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

နည်းလမ်း(၂)

ဒီနည်းလမ်းကို လုပ်တော့မယ်ဆိုရင် အရင်ဆုံး SD ကဒ် နဲ့ SIM ကဒ်ကိုဖြုတ်ထားတာပိုကောင်းမယ်ထင်ပါတယ်....
Android ဖုန်းများတွင် မိမိပေးထားသော Pattern Lock မေ့သွားရင် ဖုန်းကို Hard Reset လုပ်ပြီးပြန်ဖြည်နိုင်ပါတယ်။
Hard Reset လုပ်ရန်အတွက် Recovery ထဲကိုဝင်ရပါမယ်
Recovery ထဲဝင်နည်းတွေကတော့ ဖုန်းတစ်လုံးနဲ့တစ်လုံးမတူကြပါဘူး
မိမိဖုန်းရဲ့ Hard Reset Key ကိုလိုချင်ရင်တော့ Internet မှာ (ဥပမာ - Huawei C8600 Hard Reset Key ဆိုပြီး ) ရှာကြည့်ပါ
ယခု ကျွန်တော့်ကတော့ Samsung Galaxy Fit ရဲ့ Recovery Mode ထဲကိုဝင်ပြပါ့မယ်
(၁)   ပထမဆုံးအနေနဲ့ ဖုန်းကိုပါဝါပိတ်လိုက်ပါ
(၂)   Home Button နဲ့ Power Button ကို ၁၅ seconds လောက်ဖိထားပါ (Samsung Logo
        တက်လာရင်လဲဆက်ဖိထားပါ )
        Recovery Mode ထဲရောက်ရင်ဖိထားတာကိုလွှတ်လိုက်ပါ..။
(၃)   အဲဒီထဲက Wipe data/ factory reset ဆိုတာကိုရွေးပြီး Yes ကိုရွေးပေးလိုက်ပါ
(၄)   ပြီးရင် ဖုန်းကို Reboot လုပ်ဖို့အတွက် အပေါ်ဆုံးက Reboot system now ကိုရွေးပေးလိုက်ပါ
(၅)   ဒါဆိုရင် ဖုန်းပြန်တက်လာတဲ့အခါမှာ Pattern Lock ဖြည်ပြီးသွားပါပြီ
မှတ်ချက်(၁) -  Recovery Mode ထဲတွင် Touch Screen အလုပ်မလုပ်ပါ
                       ဒါကြောင့် မိမိရွေးလိုသောစာကြောင်းကိုသွားရန် Volume Up နဲ့
                       Volume Down ခလုတ်တွေကိုသုံးပါ
                       မိမိလိုချင်သောစာကြောင်းကိုရောက်ရင် Power Button ကိုတစ်ချက်နှိပ်ပါ
             
မှတ်ချက်(၂) -  Hard Reset လုပ်ရင် မိမိဖုန်းအတွင်းရှိ Contact, Message နဲ့ Application
                       များအကုန်ဖျက်ပြစ်မှာဖြစ်ပါတယ်
                       ဒါကြောင့် Hard Reset မလုပ်မီ မိမိဖုန်းကို Computer နဲ့ချိတ်ပြီး PC Suite တစ်ခုခုနဲ့ 
  Backup အရင်လုပ်ထားပါ။
Credit to: http://thetkhineu.blogspot.com/
Image
How to Factory Reset Android when locked?
One can easily factory reset the phone when unlocked. But how to reset it when the phone is locked. Here is the solution
Press Volume UP + Home + Power buttons till the Samsung logo appears.
This will launch the recovery mode for Android Phone
Now chose the option to wipe data/ factory reset.
Restart the phone.
Note : In the recovery mode , touch screen doesn't works. You have to use the volume keys to go UP and DOWN. To select press power button or home .
Credit to: http://wtf-tricks.blogspot.com/

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
နည်းလမ်း (၃)
ဖုန်းထဲမှာ google account တော့ ဝင်ထားဖို့လိုပါတယ် ...

အကယ်လို့ ဖုန်းထဲမှာ Google Account ကို ဝင်မထားမိဘူးဆိုရင်တော့ ...
Wi-Fi ချိတ်ထားဖို့ လိုပါတယ် ... ဘာလို့လဲဆိုတော့ ဖုန်းပြောနေရင်း Internet သုံးဖို့ အဆင်မပြေလို့ပါ။
ပြီးတော့ တခြားဖုန်းတစ်လုံးလုံးနဲ့ သင့်ဖုန်းကို ခေါ်လိုက်ပါ ...
Answer လုပ်လိုက်ပါ ... ပြီးတော့ Back Key နှိပ်ပြီး Settings > Location & Security ထဲကနေ disable lock pattern
ပြီးတော့ Settings > Accounts & Sync ကနေ Add Account
ပြီးတော့ google account ကိုထည့်လိုက်ပေါ့ဗျာ ...
ပီးတော့ ဖုန်းချလိုက်ပါ ...
အောက်က အဆင့်တွေ ဆက်လုပ်လို့ ရပါပြီ ...
Unlock Pattern မှာ ငါးကြိမ်ထက် ပိုမှားခဲ့ရင်တော့ " you have incorrectly drawn your unlock pattern 5 times. Please try again in 30 seconds. " ဆိုပြီး ပေါ်လာပါမယ် ...

OK နှိပ်လိုက်ပါ။
စက္ကန့် ၃၀ ပြည့်တဲ့အခါ ညာဘက်အောက်ထောင့်က Forgot pattern? ဆိုတာလေးကို နှိပ်လိုက်ရင် ဒီလိုလေးပေါ်လာမယ် ...


ဒါဆိုရင် သင်ဖုန်းထဲမှာ ထည့်ထားတဲ့ username နဲ့ password ဖြည့်ပြီး Sign in လုပ်လိုက်ပါ ...
ဝင်သွားပြီဆိုရင် Pattern အသစ်တစ်ခု ပေးရမှာပါ ... ဒီတစ်ခါတော့ မှတ်ထားပေါ့နော် ...
ပြီးရင် Continue နှိပ်ပါ ...
Confirm ဖြစ်ဖို့အတွက် နောက်တစ်ကြိမ်ထပ်လုပ်ရပါမယ် ...
ပြီးရင် Confirm နှိပ်ပါ ...
ဒါဆိုရင်တော့ သင်ဟာ အောင်မြင်စွာနဲ့ ပြန်လည် Unlock Pattern ဖြည်နိုင်သွားပြီပဲ ဖြစ်ပါတယ် ...

အကယ်လို့ ... ဒီနည်းနဲ့ အဆင်မပြေဘူးဆိုရင်တော့ နောက်တစ်နည်း ရှိပါသေးတယ် ...

အဲဒါကတော့ Screen Lock Bypass Android Application ကို အသုံးပြုပြီးတော့ ဖြည်တာပဲဖြစ်ပါတယ်။
ဒါပေမယ့် Lock ဖြစ်နေတဲ့ ဖုန်းထဲကို apk ဖိုင်ကို ဘယ်လို ထည့် Run မလဲ ???

PC ဒါမှမဟုတ် Laptop ကိုသုံးပြီးတော့ Google Account နဲ့ Android Market ထဲကို Log in ဝင်ပြီး USB Cable ကိုသုံးပြီး ဖုန်းထဲ ထည့်ရမှာပါ ... ပြီးရင် Restart ကျပါမယ် ... မကျရင် ကိုယ့်ဟာကို ချလိုက်ပါ ... ပြန်တက်လာတဲ့အခါ Pattern Lock ဖြည်ပြီးသား ဖြစ်နေမှာပါ ...

အားလုံးပဲ အဆင်ပြေကြပါစေဗျာ ...
Credit to:http://myanmarplay.com/
Credit to : http://winkabarkyaw.blogspot.com
နည်းလမ်း (၄)
Pattern Lock မေ့နေတဲ့သူငယ်ချင်းများအတွက် ဒီနည်းလမ်းလေးကတော့ ဖုန်းထဲက ဒေတာတွေ မပျက်ပါဘူး။ လိုအပ်ချုက်တော့ရှိပါတယ် ဖုန်းက root လုပ်ပြီးသားဖြစ်ရပါ့မယ်... နောက်တစ်ခုက Usb debugging on မိခဲ့ဖို့ပါ အဲဒီအချက်ကတော့ အရေးအကြီးဆုံးပါ။ အဲဒီအချက်တွေ ဖုန်းမှာ လုပ်ထားမိတယ်ဆိုရင်တော့ ဖုန်းကိုကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။ ဒေါင်းလော့ဖိုင်ထဲက ဖိုင်လေးကို ဖြည်ပြီးတော့ အထဲက remove pattern ဆိုတဲ့ bat ဖိုင်လေးကို run လိုက်ပါ press any key to continue ဆိုပေါ်လာရင်တော့ enter တစ်ချက်နှိပ်လိုက်ပါ။  ဒါဆိုရင်တော့ pattern lock ကို လိုသလိုဆွဲနိုင်ပါပြီခင်ဗျာ။ 
အဆင်ပြေပါစေ။။
Credit to: Mutual Friend (ပြည်)

Download >>>  

Mozilla Firefox ထဲမှ Password ပြန်ကြည့်နည်း


Mozilla Firefox သုံးတဲ့ သူငယ်ချင်းများအတွက် ပြန်လည်မျှဝေပေးခြင်း  ဖြစ်ပါတယ်ခင်ဗျာ
မထင်ထားတဲ့ နေရာတစ်ခုမှာ သူငယ်ချင်းတို့  password တွေ ကျန်းနေခဲ့တက်ပါတယ်  သတိ မထားမိလိုက်ခြင်းကြောင့်လည်း ဖြစ်တက်ပါတယ်
ဘယ်လို့ ကြောင့် မိမိ password တွေ  Mozilla Firefox ထဲမှာ ကျန်းရှိနေတာလဲဆိုရင်    ဆိုဒ်တစ်ခုခု ဝင်ဖြစ်ခဲ့ရင်
Mozilla Firefox မှာ Remember password ဆိုပြီး ဖိုင့် တစ်ခုတက်လာပြီး မေးပါတယ် Remember password ကိုမနှိပ်ရင်တော့ ဘာမှာမဖြစ်ပါဘူး
နှိပ်လိုက်ရင်တော့ Security  ထဲကိုရောက်သွားပြီး သူငယ်ချင်းရဲ့အကောင့်နဲ့  password ကိုမှတ်ပြီးသာဖြစ်သွားပါမယ်
အဲ့လို့ တွေ မကျန်းခဲ့အောင် ဘယ်လို့ ကာကွယ်မလဲ ဘယ်လို့ လုပ်ကြမလဲ ဆိုရင် လွယ်လွယ်လေးပါပဲ  ကျွန်တော် ရှင်းပြထားတဲ့နည်းလေးအတိုင် ဖြေရှင်းပေးလိုက်ပါ
အဆင်ပြေပါပြီး

( ပုံ ၁ )   ဆိုဒ်တွေဝင်ရင် Remember password  လုပ်မှာလားလို့ မေးသော ပုံ

 http://img.technospot.net/Firefox-Remember-Password-Key.jpg


Mozilla Firefox  ထဲမှာ Tools ကိုကလစ်လိုက်ပါပြီးရင် Options ကိုထက်ပြီးကလစ်ပေးပြီး
Security  ထဲကိုဝင်လိုက်ပါ  Security  ဖိုင့်ထဲမှာ Saved Password ဆိုတဲ့ ဘောက်ကိုကလစ်လိုက်ပါ
Saved Password ဆိုတဲ့ဖိုင့်တစ်ခုတက်လာရင် သူငယ်ချင်းတို့  Remember password ဆိုတာကို ကလစ်ပေးထားတဲ့
အကောင့်တွေ ဝင်ထားတဲ့ ဆိုဒ်တွေရဲ့ အကောင့်တွေ အားလုံးပေါ်လာပါမယ် Remember password မနှိပ်ထားတဲ့
အကောင့်တွေတော့မပေါ်ပါဘူး ပြီးနောက် Site  Username  ရဲ့အောက်မှာ ဝင်ထားတဲ့ ဆိုဒ်နာမည် သူငယ်ချင်းရဲ့အကောင့်တွေ ပေါ်လာပါမယ်
သူငယ်ချင်းကြည့်ချင်တဲ့အကောင့် သို့ မဟုတ်  ဆိုဒ်တစ်ခုခုကို ကလစ်ပေးလိုက်ပါ ပြီးနောက်  Show Passwords ဆိုတဲ့ ဘောက်ကို ကလစ်ပေးလိုက်ပါ
Confirm  ဖိုင့်တစ်ခုတက်လာပါမယ် အဲ့ဒီဖိုင့်ထဲမှာ yes ကိုနှိပ်လိုက်ပါ   သူငယ်ချင်းရဲ့အကောင့်နဲ့  password ပေါ်လာပါပြီး
 အကောင့်ကိုယူချင်တာဖြစ်ဖြစ် Password ကိုcopy ယူချင်တာဖြစ်ဖြစ် ညာဘက်ကလစ်တစ်ချက်ပေးလိုက်ပါ 
Copy Username  နဲ့   Copy Password ဆိုတာ နစ်ခုပေါ်လာပါမယ် သူငယ်ချင်းတို့  ယူချင်တဲ့ ဟာကို ကလစ်ပေးပြီး Copy ယူလိုက်ပါ

( ပုံ ၂ )  သူငယ်ချင်းတို့ ရဲ့  Password ပြန်ကြည့်နည်း 

http://api.ning.com/files/VlkTswBc8plEj5lHE3MqgcSwhSbqEW72uvUdcFdK3aOD0nHTkaxu0tnSdcp-IZY6Ke4XpIg2mGHrmyZWuuK1nJqOIzprfJWO/it007.jpg

( ပုံ ၃ ) password ပြန်ကြည့်ရန်

http://api.ning.com/files/YX7Mx2q2OtcERo-uzhElM-7ZLYTo*QtmelCvlZSJORKlIL26jnhqaoU70t3*vueAE0wJcoU0ZZW*7C-n20k8rjRU3aI70bHq/it0071.jpg

Mozilla Firefox  ထဲက password ပြန်ကြည့်နည်းတော့ သိသွားပြီး  ဘယ်လို့ ကာကွယ်မလဲ

လွယ်ပါတယ်  ဆိုဒ်တစ်ခုခုဝင်ရင် Mozilla Firefox  ကRemember password ဆိုပြီးမေးလာရင် ကလစ်မပေးပဲ X ကိုနှိပ်လိုက်လည်းရပါတယ်
သို့ မဟုတ် Remember password ဆိုတဲ့ ဘားရဲ့ဘေးမှာ မြှားတစ်ခုပါပါတယ် ကလစ်ပေးပြီး  Not Now ကို ကလစ်ပေးလိုက်ရင်ရပါပြီး 
Remember password ဆိုတဲ့ ဖိုင့်ကို ဘာမှာမနှိပ်လည်းရပါတယ်
အရင်က နှိပ်မိထားလို့  Security  ဖိုင့်ထဲမှာ ကိုယ်ရဲ့ အကောင့်တွေ ရှိနေသေးတယ်ဆိုရင်
Remove All ကို ကလစ်ပေးလိုက်ပါ ပြီးရင်တော့ Close ပေးလိုက်ရင် သူငယ်ချင်းအကောင့်တွေ မကျန်းခဲ့တော့ပါဘူး

ဒီလောက်ဆိုရင် သူငယ်ချင်းတို့  နားလည်လောက်ပြီးထင်ပါတယ် မရှင်းသေးဘူးဆိုရင် ကော့မက်ဘောက်ထဲမှာ ပြောခဲ့ကြပါ 
ကျွန်တော် တက်နိုင်သလောက် ကူညီဖြေရှင်းပေးပါမယ် 
တစ်ခုတော့ရှိတယ်ဗျ သူငယ်ချင်းတို့ အကောင့်မဟုတ်ပဲ တစ်ခြားသူအကောင့်များ အခုလို့ ရှိနေခဲ့ရင်  ဘာမှာမလုပ်ပဲ
Remove All ဆိုတာကို ကလစ်ပေးလိုက်ပါဗျာ သူငယ်ချင်းတို့ အတွက်လည်းအကျိုးမရှိပါဘူး ကျန်းခဲ့တဲ့သူအတွက် မကောင်းပါဘူး
ဒီလောက်ဆို သဘောပေါက်လောက်ပြီးထင်ပါတယ်

Unlock Pattern မေ့သွားလို့ ဖုန်း Lock ဖွင့်လို့မရတော့ရင်


Android ဖုန်းတွေမှာ လုံခြုံရေးအရ သင့်ရဲ့ ဖုန်းထဲက အချက်အလက်တွေကို တခြားလူ အလွယ်တကူ ဝင်ကြည့်နိုင်ဖို့ Lock Pattern နဲ့ပဲဖြစ်ဖြစ် Pin Number နဲ့ပဲဖြစ်ဖြစ် ပိတ်ထားလို့ ရတယ်ပေါ့ဗျာ …
အဲ ဒါပေမယ့် … ကိုယ်ပေးထားခဲ့တဲ့ Lock Pattern ဘယ်လိုဆွဲလဲဆိုတာ ဒါမှမဟုတ် Pin Number ဘာပေးခဲ့လဲဆိုတာ ခေါင်းထဲမှာ မမှတ်မိတော့ရင်တော့ ဘယ်လိုလုပ်မလဲ

… ကျွန်တော် ပြောပြမယ့် နည်းလမ်းလေးတွေက အသုံးဝင်မှာပါ … ဖုန်းထဲမှာ google account တော့ ဝင်ထားဖို့လိုပါတယ် …
အကယ်လို့ ဖုန်းထဲမှာ Google Account ကို ဝင်မထားမိဘူးဆိုရင်တော့ …
Wi-Fi ချိတ်ထားဖို့ လိုပါတယ် … ဘာလို့လဲဆိုတော့ ဖုန်းပြောနေရင်း Internet သုံးဖို့ အဆင်မပြေလို့ပါ။
ပြီးတော့ တခြားဖုန်းတစ်လုံးလုံးနဲ့ သင့်ဖုန်းကို ခေါ်လိုက်ပါ …
Answer လုပ်လိုက်ပါ … ပြီးတော့ Back Key နှိပ်ပြီး Settings > Location & Security ထဲကနေ disable lock pattern
ပြီးတော့ Settings > Accounts & Sync ကနေ Add Account
ပြီးတော့ google account ကိုထည့်လိုက်ပေါ့ဗျာ …
ပြီးတော့ ဖုန်းချလိုက်ပါ …
အောက်က အဆင့်တွေ ဆက်လုပ်လို့ ရပါပြီ …
Unlock Pattern မှာ ငါးကြိမ်ထက် ပိုမှားခဲ့ရင်တော့ ” you have incorrectly drawn your unlock pattern 5 times. Please try again in 30 seconds. ” ဆိုပြီး ပေါ်လာပါမယ် …
OK နှိပ်လိုက်ပါ။
စက္ကန့် ၃၀ ပြည့်တဲ့အခါ ညာဘက်အောက်ထောင့်က Forgot pattern? ဆိုတာလေးကို နှိပ်လိုက်ရင် ဒီလိုလေးပေါ်လာမယ် …
ဒါဆိုရင် သင်ဖုန်းထဲမှာ ထည့်ထားတဲ့ username နဲ့ password ဖြည့်ပြီး Sign in လုပ်လိုက်ပါ …
ဝင်သွားပြီဆိုရင် Pattern အသစ်တစ်ခု ပေးရမှာပါ … ဒီတစ်ခါတော့ မှတ်ထားပေါ့နော် …
ပြီးရင် Continue နှိပ်ပါ …
Confirm ဖြစ်ဖို့အတွက် နောက်တစ်ကြိမ်ထပ်လုပ်ရပါမယ် …
ပြီးရင် Confirm နှိပ်ပါ …
ဒါဆိုရင်တော့ သင်ဟာ အောင်မြင်စွာနဲ့ ပြန်လည် Unlock Pattern ဖြည်နိုင်သွားပြီပဲ ဖြစ်ပါတယ် …
အကယ်လို့ … ဒီနည်းနဲ့ အဆင်မပြေဘူးဆိုရင်တော့ နောက်တစ်နည်း ရှိပါသေးတယ် …
အဲဒါကတော့ Screen Lock Bypass Android Application ကို အသုံးပြုပြီးတော့ ဖြည်တာပဲဖြစ်ပါတယ်။
ဒါပေမယ့် Lock ဖြစ်နေတဲ့ ဖုန်းထဲကို apk ဖိုင်ကို ဘယ်လို ထည့် Run မလဲ ???
PC ဒါမှမဟုတ် Laptop ကိုသုံးပြီးတော့ Google Account နဲ့ Android Market ထဲကို Log in ဝင်ပြီး USB Cable ကိုသုံးပြီး ဖုန်းထဲ ထည့်ရမှာပါ … ပြီးရင် Restart ကျပါမယ် … မကျရင် ကိုယ့်ဟာကို ချလိုက်ပါ … ပြန်တက်လာတဲ့အခါ Pattern Lock ဖြည်ပြီးသား ဖြစ်နေမှာပါ …
အားလုံးပဲ အဆင်ပြေကြပါစေဗျာ …

Ref>>>http://myanmarplay.com/?p=4051
www.youtube.com/ မှာလည်းလေ့လာနိုင်ပါတယ်
1.Made a call from my bros mobile .
2.then i clicked the end call button,then there will be small amount of time to go back to lock screen from call screen
3.in this time start clicking menu or home button on the phone.( better is to press end call and immediately start pressing home button,this will take to home scrren)
4.In your web browser from a computer change the password for your account.
5.make sure u have net connection for the mobile
6.now click the sync in mobile,and get back to lock screen and enter the n

Anti Deep Freeze v0.4 (Deep Freeze Password Remover)

Deep Freeze ကို Password နဲ့တင်ထားပြီး မှ Password မေ့သွားလို့ပြသာနာတက်နေတဲ့သူတွေအတွက်
အဆင်ပြေမှာပါ။ အရှေ့မှာလည်း Version အဟောင်းတစ်ခုတင်ထားပေးဖူးပါတယ်။ အဆင်မပြေဘူးဆိုလို့
အခုအသစ်လေးထပ်တင်ပေးလိုက်တာပါ။ Deep Freeze ကို အင်တာနက်ဆိုင်တွေမှာအသုံးများကြပါတယ်။ မိမိတို့ရဲ့ကွန်ပြူတာ Window System တစ်ခုလုံးနဲ့ Data C , D ,စတာတွေကို လုံလုံခြုံခြုံရှိဖို့Deep Freeze နဲ့
Password ပေးပြီးအုတ်ထားကြပါတယ်။ အဲဒီ Password ကို ဖြုတ်မရတော့ဘူး မေ့သွားပြီဆိုရင်တော့ အခု
တင်ပေးလိုက်တဲ့Anti Deep Freeze ကကူညီပေးနိုင်ပါတယ်ဗျာ။File Size ကလည်း 250KBဘဲရှိတာဆိုတော့
တွေ့နေတုန်းလေးယူထားလိုက်ပါနော်။ တချိန်ချိန်လိုအပ်လာရင် အသုံးပြုနိုင်ပါတယ်ဗျာ။

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

Sony Xperia P ကို Root လုပ်နည်း


htinlinmg: sony experia ray ကို ဘယ်လို root လုပ်နည်းကိုလည်း တင်ပေးပါအုံးနော်။ ကျေးဇူးတင်ပါတယ်။..
ကျွန်တော် လိုက်မွှေရင်းနဲ့ Forum-Xada နဲ့ MM-MPx Team မှာတွေ့ပါတယ်.. MM-MPx Team မှာရေးထားတာတွေကို မူရင်းအတိုင်း ပြန်လည် မျှဝေလိုက်ပါတယ်...
*****************************************

ကျွန်တော်စမ်းသပ်ထားတဲ့ ဖုန်းက Sony Xperia P v2.3.7 (firmware က 6.0.1.564)
ဖုန်းကိုပထမဆုံး root လုပ်ဖို့အတွက် bootloader ကို unlock လုပ်ရပါမယ်..
ပြီးရင် kernel ကို ချိန်းရပါမယ်..
ဒီနှစ်ဆင့် လုပ်ပြီးရင် root လုပ်ပြီးပါပြီ...
တစ်ခုတော့ရှိပါတယ်..bootloader unlock လုပ်မယ်ဆိုရင် ဖုန်းနံပါတ်နဲ့လိုချင်တာအကုန်လုံး back up လုပ်ပါ..

"This procedure will wipethe /data partition of your phone, so you will loose all ur stored data, settings. SDCARD will NOT BEWIPED!!! "

၁။ bootloader unlock လုပ်နည်း

  bootloader unlock မလုပ်ခင်မှာ မိမိဖုန်းက unlock လုပ်ရမရ အရင်ကြည့်ရပါမယ်..
  *#*#7378423#*#* ကိုနှိပ်ပါ ပြီးရင် service info > Configuration > Rooting Status မှာBootloader unlock allowed  Yes  ဖြစ်နေရင်စလုပ်လို့ရပါပြီ..

သင့် computer မှာ ဒီနှစ်ခုရှိဖို့လိုပါတယ် usb driver and fastboot
usb_driver ကတော့ သင့်ဖုန်းကို driver မရှိသေးရင်တင်ဖို့ပါ.. (ဒီအဆင့်ထိရောက်ပြီဆိုမှတော့ driver တော့တင်တက်မှာပါ)
 fastboot folder ကတော့ bootloader unlock လုပ်ဖို့ပါ..
fastboot with android usb file.zip ကို download ဆွဲပြီး တစ်နေရာရာမှာ ဖြည်ထားပါ..


အဲဒီအထဲမှာ fastboot နဲ့ usb_driver ဆိုတဲ့ folder နှစ်ခုပါပါတယ်...

(unlock code)ယူရန်

အခုသင်ဟာ sony bootloader unlock pageကိုသွားလို့ရပါပြီ... http://unlockbootloader.sonymobile.com/instructions က ညွှန်ကြားချက်တွေဖတ်ပြီးရင် အောက်နားက continue ကိုနှိပ်ပါ.. ပြီးရင်... Are you sure you want to continue? အောက်က yes,i am sure ကိုနှိပ်ပါ.. ပြီးရင် အမှန်ခြစ်နှစ်ခုပေးပြီး Accept ကို နှိပ်ပါ.. ပြီးရင် . Create Unlock request ကိုရောက်ရင်  အပေါ်Name..... နဲ့ အောက်ဆုံးEmail..... ကို ဖြည့်ပါ..
ပြီးရင် သင့်ဖုန်း ရဲ့IMEI number ကို *#06# နှိပ်ကြည့်ပြီးမှတ်ထားပါ..နောက်ဆုံးတစ်လုံးကိုဖြုတ် ၁၄ လုံးပဲယူရပြီး အလယ်က IMEI ဆိုတဲ့အကွက်ထဲထည့်ပါ .. Submit ကိုနှိပ်လိုက်ရင် သင့်ဖုန်းအတွက် unlock code ကိုရပါပြီ

(unlock ဖြည်ရန်)
သင့်ဖုန်းကို fastboot mode ထဲဝင်ပါ..  ( volume up နှိပ်ပြီး USB ကြိုးနဲ့ ကွန်ပြူတာကိုချိတ်ပါ)
စောစောကဖြည်ထားတဲ့အထဲက fastboot folder ထဲဝင်ပါ  shift + right click ခေါက် ပြီး open command window here ကိုရွေးပြီး cmd ကိုဝင်ပါ..
ပထမရိုက်ရမယ့်စာကြောင်းက  fastboot.exe -i 0x0fce getvar version  (ဖုန်းနဲ့ computer ချိတ်မချိတ်စစ်တာပါ)

ဒုတိယရိုက်ရမယ့်စာကြောင်းက fastboot.exe -i 0x0fce oem unlock 0xKEY   (သင်ရတဲ့ unlock code ကို KEY ဆိုတဲ့နေရာမှာ ထည့်ရမှာပါ) Enter ခေါက်လိုက်တာနဲ့ finish ပေါ်လာပြီးတော့ Bootloader Unlock လုပ်ငန်းစဉ်ပြီးဆုံးသွားပါပြီ။

။ root လုပ်နည်း

ပထမဆုံးလိုတာကတော့ kernel.elf ပါ


fastboot folder ထဲမှာထည့်ပါ..
fastboot folder ထဲဝင်ပါ  shift + right click ခေါက် ပြီး open command window here ကိုရွေးပြီး cmd ကိုဝင်ပါ .. fastboot mode ထဲဝင်ပါ..  ( volume up နှိပ်ပြီး USB ကြိုးနဲ့ ကွန်ပြူတာကိုချိတ်ပါ).. ရိုက်ရမယ့်စာကြောင်းက fastboot flash boot kernel.elf ပြီးရင် power ပြန်ဖွင့် သင့်ဖုန်းက superuser ကိုတွေ့ရပါလိမ့်မယ် ....

သင့်ဖုန်းဟာ root ရသွားပါပြီ..

အဆင်ပြေပါစေ..

Sony Xperia st25i Android v2.3.6 ကို Root နည်း


Xperia U  ကို root ဖို့ အတွက်က အရင်ဆုံး driver သိဖို့လိုပါတယ်ဗျာ... driver ကတော့ လူတိုင်းသွင်းတတ်နေလို့  မပြောတော့ပါဘူးနော်...

*#*#7378423#*#* ကိုအရင်ရိုက် အောက်ကအတိုင်းဖြစ်မဖြစ် စစ်ကြည့်ပါ...
service info > Configuration > Rooting Status ???
Bootloader unlock allowed  Yes


ပြီးရင် ဒီမှာ အရင် unlock လုပ်ပါ...    http://unlockbootloader.sonymobile.com/instructions     မရှင်းပြတော့ဘူးနော်...
အရင်ဆုံးဒေါင်းလိုက်ပါအုံး
ကိုယ်တိုင်စမ်းထားပြီးလို့ တင်လိုက်တာအားလုံးအဆင်ပြေပါတယ်...
သိပြီးသူများမပါ...

စရအောင်
အရင်ဆုံးဒါင်းထားတဲ့ file ကို ဖွင့်လိုက်ပါ...
shift+right click နဲ့ open command window here ကို နှိပ်လိုပ်ပါ..
CMD ပေါ်လာရင် fastboot.exe -i 0x0fce getvar version  ကိုရိုက်ပါ.... ( ဖုန်းကိုသိမသိကြည့်တာပါ)  ပြီးရင်... fastboot.exe -i 0x0fce oem unlock 0xKEY  ( KEY နေရာမှာ sony site ကတောင်းထားတဲ့ unlock code ကို ရိုက်ပါ... နာက်ထပ်ဒါရိုက်
                         fastboot flash boot kernel.elf
ဘာတွေမှန်းမသိတဲ့စာတွေ တက်လာပြီးရင် ရပြီ ... ဒါလေးထပ်ရိုက်လိုက်
                         fastboot reboot

 ဖုန်းက Restart ကျသွားပြီးပြန်တက်လာလိမ့်မယ်..

အဆင်ပြေပါစေ..

Saturday 22 June 2013

Android ဖုန်း Setting ကို မြန်မာလိုဘာသာပြန်ပြီး လန်းရအောင် or Apk Multi-Tool

လုပ်နည်းလေးကတော့ကျွန်တော်ရင်းနှီးတာကြာပါပြီ သုံးချင်တဲ့သူငယ်ချင်းတွေသုံးလို့ရအောင်မျှဝေပေးလိုက်ပါတယ်
သုံးတတ်ရင်သုံးတတ်သလို  ကျန်တာတွေပါပြင်လို့ ကလိလို့ရပါတယ်။

 

ပထမဆုံးကတော့ ကိုယ့်ကွန်ပျူတာမှာ Java သွင်းထားဖို့လိုပါမယ်။ မသွင်းရသေးရင် အောက်မှာဒေါင်းလိုက်ပါနော်
Download link_     http://www.mediafire.com/?dpzgdjj33am2a34
Java ကို computer မှာ install လုပ်ပြီးရင် Adb ဆိုတာကိုလဲ သွင်းဖို့လိုပါတယ်။ Adb ကိုအောက်မှာဒေါင်းလိုက်နော်
Download link_    http://www.mediafire.com/?t5o16i4cojy897c
၁။ ကွန်ပျူတာထဲမှာ Folder အသစ်တစ်ခုဆောက်ပြီး Android လို့ နံမည်ပေးပါ။
၂။ ဒေါင်းလုပ်ဆွဲလို့ရလာတဲ့ adb.zip ဖိုင်ကိုဖြည်ပြီး အထဲက ADB ဖိုင်ထဲမှာ ရှိသမျှဖိုင်တွေကို စောစောက အသစ်လုပ်ထားတဲ့ Android ဖိုဒါထဲထည့်ပါ။
၃။ Window key+R ကိုနှိပ်ပြီး Run program ကို ဖွင့်လိုက်ပြီး cmd.exe ကိုရိုက်ပြီး Enter ခေါက်ပါ။
၎။ cmd ပေါ်လာရင် ဒီအောက်က အတိုင်းရိုက်ပေးပါ။
>d:
cd \android
adb devices

( d ဆိုတဲ့နေရာမှာ ကိုယ်က Android ဆိုတဲ့ folder ကို C drive ထဲမှာထားရင် C လို့ပြင်ရိုက်ပါ။ ဒါဆိုရပါပြီ။
မှတ်ချက်။    ။ကွန်ပျူတာထဲမှာ အကြောင်းအမျိုးမျိုးကြောင့် Android SDK သွင်းထားပြီးရင် Adb ထပ်သွင်းစရာမလိုတော့ပါဘူး။
အောက်မှ Apk Multi-tools ကိုဒေါင်းလုပ်ဆွဲပါ။

Download link_     http://www.mediafire.com/?3cqoktua75zlpfq
၁။ ဒေါင်းလုပ်ဆွဲလို့ရလာတဲ့ zip ဖိုင်ကိုဖြည်ပါ။ဖြည်လို့ရလာတဲ့ Apk Multi ဖိုဒါထဲကိုဝင်ပြီး 25kB ရှိတဲ့ ဒုတိယ Script.bat ကို run ပါ။
၂။ အပေါ်က ပုံအတိုင်းပေါ်လာရင် option 3 ကိုရွေးပါ။ Keyboard ကနေ 3 လို့ရိုက်ပြီး Enter ခေါက်ရုံပါပဲ။ Press any key to continue လို့ပေါ်လာရင် key တစ်ခုခုနှိပ်လို့ ပထမ screen နေရာပြန်ရောက်ရင် အဲဒီဟာကို ပိတ်လိုက်လို့ရပါပြီ။ (ပထမဆုံး software အသုံးပြုခါနီး တစ်ခါလုပ်ပီးရင် နောက်ထပ်လုပ်စရာမလိုတော့ပါဘူး)
၃။ ပြီးရင် ကိုယ်ပြင်ချင်တဲ့ setting.apk ကို ” place-apk-here-for-modding ” လို့ရေးထားတဲ့ ဖိုဒါထဲကိုထည့်ပါ။ (Setting.apk က ဖုန်းရဲ့ System>app ဖိုင်ထဲမှာရှိပါတယ်။ Root explorer သုံးပြီး System>app ဖိုင်ထဲသွား Setting.apk ဖိုင်ကို sd card ထဲ copy ကူး ပြီးရင် computer ထဲထည့်)
၎။ Script.bat နှစ်ခုရှိတဲ့ထဲက ပထမ Script.bat ကို Double click နှိပ်ပြီး run ပါ။
၅။  ပြီးရင်တော့ အောက်က Script.bat ဆိုတဲ့ ဖိုင်လေးကို Double click နှိပ်ပြီး run လိုက်ပါ။ အောက်ကပုံအတိုင်း ပေါ်လာမှာပါ။

၆။ အပေါ်ပုံမှာ မျှားပြထားတဲ့ Option ဖြစ်တဲ့ Option 10 ကိုရွေးချယ်ပါ။ (10 လို့ရိုက်ပြီး Enter ခေါက်ပါ။)။  ဖုန်းထဲက System>framework-res.apk ကို ကွန်ပျူတာထဲ copy ကူးပြီး အဲဒီဖိုင်ကို mouse နဲ့ပဲ အပေါ်က screen အမဲကြီးပေါ်ကို ဆွဲထည့်လိုက်ပါ။ ပြီးရင် enter ခေါက်ပါ။
၇။ ပြီးလျှင် အဲဒီ software ကို ဘေးခဏဖယ် (Minimized လုပ်ပြီး) စောစောက Apk Multi-tools ဖိုဒါထဲသွားပါ။ Project ဆိုတဲ့ ဖိုဒါရှိပါတယ်။ အဲဒီထဲဝင်လိုက်ရင် Setting.apk ဆိုတဲ့ နံမည်နဲ့ ဖိုဒါလေးတွေမှာပါ။
ဒီကောင်ကို အရင်မပြင်ခင် trick လေးလုပ်ရအောင်။ ( ဘာလို့ trick လုပ်တာလဲဆိုရင် အထဲမှာဖိုင်ကိုဝင်ပြင်ပြီးသွားလို့ apk ကိုပြန်ပေါင်းထုတ်တဲ့အခါ အလုပ်လုပ်ဖို့လိုတဲ့ memory ပမာဏကများပါတယ်။ အဲဒါကြောင့်မပြင်ခင် ပြန်ပေါင်းထုတ်ပေးလိုက်တဲ့အတွက်ကြောင့် လိုအပ်တဲ့ဖိုင်တည်ဆောက်မှုက နည်းသွားတဲ့အတွက် Apk Multi-tool software က handle လုပ်နိုင်သွားပါတယ်။ မနေ့ကမှ တွေ့ထားတဲ့ လတ်လတ်ဆတ်ဆတ် solution လေးပါ:P)
၈။ အဲဒါဆို စောစောက ဘေးဖယ်ထားခဲ့တဲ့ software ဆီပြန်သွားပြီး Option 11 ကိုရွေးပါ။ Building apk ဆိုတဲ့ အဆင့်မှာကြာနေမှာဖြစ်ပါတယ်။
၉။ အချိန်တစ်ခုပြီးဆုံးသွားတဲ့အခါ System apk လား ဘာလားမေးတဲ့ မေးခွန်းလေးပေါ်လာမှာပါ။ အဲဒီကျတော့ y လို့ရိုက်ပြီး enter ခေါက်ပါ။ နောက်တစ်ခုထပ်မေးတဲ့အခါ n လို့ရိုက်ပြီး enter ခေါက်ပါ။ (Please make your decision နေရာကိုပြန်ရောက်သွားရင် minimized ပြန်လုပ်ပါ။ ဘေးခဏဖယ်ထားပါ။
၁၀။ ပြီးရင် အဆင့်၃ မှာ သွားခဲ့တဲ့ ” place-apk-here-for-modding ” ဆိုတဲ့ ဖိုဒါထဲသွားပြီး unsignedSetting.apk ဆိုတဲ့ ဖိုင်လေးကို delete လုပ်လိုက်ပါ။
၁၁။ ပြီးရင် စောစောက(အဆင့် ၇) Project ဖိုဒါထဲပြန်သွားပြီး Setting.apk ဖိုဒါထဲက res ဖိုဒါထဲကိုဝင်ပါ။
၁၂။ res ဖိုဒါထဲမှာ Values ဆိုတဲ့ ဖိုဒါကိုရှာပြီး အဲဒီထဲဝင်လိုက်ပါ။
၁၃။ String.xml ဆိုတဲ့ဖိုင်လေးကို Right Click နှိပ်ပြီး Note++ ကိုရွေးပေးပါ။
၁၄။ အဲဒီကျရင်တော့ Program တွေရေးထားတဲ့ စာတွေကိုမြင်ရမှာပါ။ အဲဒီ Note++ ရဲ့ အပေါ်ဘက်နား File တို့ Edit တို့ဘေးမှာ Search ဆိုတာရှိပါတယ်။ Search ထဲကို သွားပြီး Find ကိုရွေးပေးပါ။
၁၅။ ပေါ်လာတဲ့ box လေးက Replace ဆိုတဲ့ tab လေးကိုရွေးပေးပါ။ (Find tab ရဲ့ဘေးမှာပါ)
၁၆။ Find what ဆိုတဲ့နေရာမှာ ကိုယ်ပြင်ချင်တဲ့ စာကိုရိုက်ပါ။ (ဥပမာ- Wifi ကိုပြင်ချင်တယ်ဆိုရင် Wifi လို့ရိုက်ပါ)
၁၇။ ပြီးရင် အောက်က Replace with ဆိုတဲ့နေရာမှာ အစားထိုးချင်တဲ့စာသားကိုရိုက်ပါ။ (ဥပမာ- ဝိုင်ဖိုင်)
၁၈။ ပြီးရင်တော့ အဲဒီ  box လေးရဲ့ညာဘက်ခြမ်မှာ Find next ဆိုတာကိုနှိပ်လိုက်ရင် Wifi ဆိုတဲ့နေရာကို ညွှန်ပြပေးပါတယ်။ အောက်ကပုံအတိုင်းပါ။
၁၉။ မှတ်ထားဖို့က Wifi (ဥပမာ) လို့ပါတဲ့နေရာတိုင်းကို ပြောင်းရမှာမဟုတ်ပါဘူး။ အပေါ်က ပုံမှာပြထားတဲ့ နေရာမျိုးက စာလုံးမှာပဲ အစားထိုးရမှာပါ။ လေးထောင့်တုန်းလေးတွေနေရာမှာပေါ့။  ပုံကိုကြည့်မယ်ဆိုရင် လောလောဆည် ဘယ်ဘက်နားက wifi ဆိုတာလေးကို ညွှန်နေပါတယ်။ အဲလိုဆိုရင် Find next ကို ထပ်နှိပ်ပြီး ညာဘက်ခြမ်း လို့ရေးထားတဲ့စာရဲ့ ရှေ့က နေရာက စာသားတွေမှာအစားထိုးရမှာပါ။ ပုံထဲက အစားမထိုးရသေးတဲ့ နေရာတစ်ခုကို ကြည့်မယ်ဆိုရင် Line no. 501 က wifi_error ဆိုတာကို တွေ့မှာပါ။ အဲဒီမှာ အစားမထိုးပဲနဲ့ အဲဒီဘေးက Error လို့ အမဲရောင်နဲ့ရေးထားတဲ့ နေရာတွေမှာပဲ အစားထိုးမှာပါ။ အဲဒီ error မှာအစားထိုးမယ်ဆိုရင် search မှာ error လို့ရိုက် Find next နဲ့ အဲဒီနေရာမရောက်မချင်း နှိပ်သွား ရောက်ရင် replace ဆိုတာကို နှိပ်ပါ။ (အစားထိုးမယ်ဆိုရင် Find next အောက်က replace ကိုနှိပ်ပါ။) ၂၀။ အဲလိုပုံစံမျိုးနဲ့ စာတွေကို replace လုပ်သွားရုံးပါပဲ။ Search နဲ့ replace မလုပ်ချင်ရင်လဲ ကိုယ့်ဘာသာအဲဒီ page မှာမဲ mouse နဲ့စာကိုထောက် delete လုပ်ပြီး ရေးထားတဲ့ စာကိုရိုက်ထည့်လိုက်ပေါ့။ (စာကတော့ အဲဒီနေရာမှာပဲရိုက်ရင် အတုန်းတွေပဲမြင်ရမှာပါ။ Newfolder အသစ်ကိုတစ်နေရာမှာလုပ်ပြီး အဲဒီ folder ကို  rename လုပ် ပြီးရင် copy ကူးထည့်၊ လဲရတာပဲနော့်:)
၂၁။ replace လုပ်လို့ပြီးသွားရင်တော့ save လုပ်ပြီး Note++ ကိုပိတ်လိုက်ပါ။
၂၂။ အဆင့် ၉ မှာ ဘေးဖယ်ထားတဲ့ software ကိုပြန်ဖွင့်ပြီး option 11 ကိုရွေးပါ။ 11 လို့ရိုက်ပြီး enter ခေါက်။
၂၃။ ပထမတစ်ခေါက်တုန်းက အတိုင်းပဲ ပထမမေးခွန်းမှာ y ကိုရွေးပြီး ဒုတိယမေးခွန်းမှာ n ကိုရွေးပါ။
၂၄။ n လို့ရွေးပြီးသွားလို့ Please make your decision ဆိုတဲ့နေရာပြန်ရောက်ရင် အဲဒီ software ကိုပိတ်ပြီး ” place-apk-here-for-modding ” ဆိုတဲ့ ဖိုဒါဆီပြန်သွားပြီး unsignedSetting.apk ဆိုတဲ့ ဖိုင်လေးကို unsigned ဆိုတာလေးဖြုတ်ပစ်ပြီး နံမည်ကိုပြင်လိုက်ပါ။
၂၅။ ပြီးသွားရင်တော့ Setting.apk ဆိုတဲ့ဖိုင်လေးရသွားပါပြီ။
၂၆။ ဖိုင်လေးကို သွင်းရလွယ်ကူအောင် CWM flashable zip လေးပါထည့်ပေးလိုက်ပါရစေ။ CWM နဲ့ install မလုပ်ချင်ရင်လဲ Root Explorer သုံးပြီး System>app ထဲမှာ overwrite လုပ် permission ကို rw-r–r– ပြောင်းပေးပြီး ဖုန်းကို reboot ချလိုက်လဲရပါတယ်။

၂၇။ CWM flashable zip ဒေါင်းရန် link_    http://www.mediafire.com/?s9iuben1r1b0rqa
၂၈။ 7zip software ဒေါင်းရန် link_    http://www.mediafire.com/?4liv0p0g9l7ty2x
၂၉။ အဆင့် ၂၈ မှာဒေါင်းလို့ရတဲ့ 7zip  software ကိုကွန်ပျူတာမှာ install လုပ်ပါ။
၃၀။ အဆင့် ၂၇ မှာဒေါင်းလို့ရတဲ့ zip ကို Right click နှိပ်ပြီး 7zip ကိုရွေး Open Achieve ကိုဆက်ရွေးပေးပါ။
၃၁။ ပေါ်လာတဲ့ box လေးကနေ system>app ဖိုဒါဆီအဆင့်ဆင့်သွားပေးပါ။ app ဖိုဒါထဲက setting.apk လေးကို delete လုပ်ပါ။
၃၂။ ပြီးရင် ကိုယ်ပြင်ထားတဲ့ setting.apk ဖိုင်လေးကို အဲဒီ app ဖိုဒါထဲကို ဆွဲထည့်လိုက်ပါ။ Mouse နဲ့ဆွဲထည့်လိုက်ရုံပါပဲ။
၃၃။ ပြီးရင် အဲဒီ box လေးကို ပိတ်ပြီးတော့ zip ဖိုင်ကို sd card ထဲထည့် CWM recovery နဲ့ install လုပ်လိုက်ရင် ပြီးပါပြီ။ နောက်
နောက်ပိုင်း system ဖိုင်ထဲက app တွေကို overwrite လုပ်ရင်ပဲဖြစ်ဖြစ် system ဖိုင်ထဲကို app သွင်းချင်ရင်ပဲဖြစ်ဖြစ် အဲဒီ zip လေးထဲကို အပေါ်က အဆင့်အတိုင်း လုပ်ပြီး လွယ်ကူစွာ သွင်းနိုင်ပါပြီ။

အားလုံးဘဲအစဉ်ပြေကြပါစေနော် မောလိုက်တာနော် ဟိဟိ
Note++ Software အားရယူရန်_   http://www.mediafire.com/?hcmwiomc5m8ctfm
Ref:www.myanmarmobileapp.com
လက်ခုပ်သံမလိုချင်ပါဘူးသူငယ်ချင်းတို့ဗဟုသုတ၁ခုတိုးသွားရင်ကျေနပ်ပါတယ်
လေးစားလျက် ချစ်ဦးမောင်(ရန်ကုန်)
သူများတွေထက်ပိုလန်းချင်ရင်တော့ နဲနဲတော့အပင်ပန်းခံရတယ်ဗျ ဟိဟိ ကြိုးစားလုပ်ကြည့်လိုက်နော်
You might also like:

Wednesday 19 June 2013

Samsung Galaxy S (GT-I9000) Root လုပ်နည်း

Samsung Galaxy S GT-I9000 ကို Root လုပ်တဲ့နည်းလေးပါ မိမိဖုန်းရဲ့ Settings>About phone ကိုသွား၍ စစ်ဆေးကြည့်ပါ Model number: GT-I9000, Firmware version: 2.3.6 ဖြစ်ရပါမယ် အခုရေးပြထားတဲ့ Model number နဲ့ Firmware version မဟုတ်သောဖုန်းများကို ဒီနည်းနှင့် Root လုပ်လို့ ရနိုင်မရနိုင် အတိအကျမပြောနိုင်ပါဘူး

  • CF-Root  Kernel  ကို PC ပေါ်တွင် Extract ပြုလုပ်ပါ
  • Odin3-v1.85  ကို PC ပေါ်တွင် Extract ပြုလုပ်ပါ
  • USB Debugging ကို On ထားပေးပါ (Settings>Application>Development option>USB Debugging)
  • Battery %65 ရှိရပါမယ်
  • ဖုန်းကို Power ပိတ်ပါ
  • Download Mode သို့ဝင်ပါ (Volume down+Home+Power တို့ကိုတစ်ပြိုင်တည်းနှိပ်ပါ)
  • ဖုန်းမှာ Download mode ပေါ်နေပြီဆိုရင် မိမိ Extract ပြုလုပ်ခဲ့သော Odin_v1.85 File ထဲမှ odin3 v1.85.exe ကို Run ပါ
  • Odin ပွင့်လာပြီဆိုရင် USB Cable ကို အသုံးပြု၍ ဖုန်းကို PC နှင့်ချိတ်ဆက်ပါ
  • Odin ရဲ့ ID:COM ဆိုသောနေရာတွင် အဝါရောင်လေးတက်လာပါလိမ့်မယ်
  • Odin ရဲ့ PDA နေရာမှာ မိမိ Extract ပြုလုပ်ခဲ့သော CF-Root Kernel File ထဲမှ CF-Root kernel.tar ကို ရွေးပါ
  • ပြီးရင် Start ကို နှိပ်၍ ခဏစောင့်ပါ ဖုန်းက အလိုလျောက် Power ပိတ်သွားပါလိမ့်မယ် 
  • Power ပြန်ပွင့်လာရင် ဖုန်းနှင့် PC ချိတ်ဆက်ထားသော Cable ကို ဖြုတ်ပါ
  • အခုဆိုရင် Samsung Galaxy S GT-I9000 ကို Root လုပ်တာ ပြီးပါပြီ

Android 4.1.1 နဲ့ 4.1.2 တွေမှာ မြန်မာ Font အဆင်မပြေသူများအတွက် Theme With Myanmar Fonts ( Root မလို )


Android 4.1.1 နဲ့ 4.1.2 တွေမှာ မြန်မာ Font အဆင်မပြေကြပါဘူး.. ကျွန်တော်တို့ မြန်မာတွေကလည်း Root ဖောက်ရခြင်းရဲ့ ရည်ရွယ်ချက်က မြန်မာ ဖောင့် သုံးဖို့ အဓိကဖြစ်နေတယ်မဟုတ်လား.. ဒီတော့ Root ဖောက်စရာမလိုဘဲ မြန်မာဖောင့်သုံးလို့ရတဲ့ Theme With Myanmar Fonts ကိုတင်ပေးလိုက်ပါတယ်.. ဒီ Themes ကို IT Ghost ဆီမှာ တွေ့ထားတာ တော်တော်ကြာပါပြီ.. တင်ဖို့ မလိုလောက်ဘူးထင်လို့ မတင်ဖြစ်တာပါ.. မိတ်ဆွေ တစ်ယောက်က  အီးမေးပို့လာပါတယ်..
 "huawei 8825-1 မှာမြန်မာစာမမှန်တဲ့ပြသနာလေးရှိနေတယ်ဗျ အဲဒါဘယ်လိုလုပ်ရင်ရမလဲ ကူညီပါဦးဗျာ RSS apk မှာသတင်းတွေဖတ်ရင်ဗျာ ဥပမာဗျာ နေကောင်းလားပေါ့ အဲဒါကို နကေားင်လား ဗျာ အဲလိုအလွဲလေးနည်းနည်းရှိနေတယ်ဗျ နည်းနည်းတော့ စိတ်ညစ် ရတာပေါ့ဗျာ အဲဒါအားလုံးအဆင်ပြေချင်တယ်ခင်ဗျ facebook သုံးတဲ့အခါလည်း ကိုရေးလိုက်
တဲ့ comment က ရိုက်တုန်းကအမှန်ပဲ အပေါ်ရောက်သွားရင်တလွဲတွေဖြစ်လို့ဗျာ comment ရေးရမှာတောင်ရှက်လာတယ် ကူညီပါဦးဗျာ မလုပ်တက်လို့ပါ အသေးစိတ်သိချင်ပါတယ် ကျေးဇူးတင်ပါတယ်" .. ဒီအခက်အခဲကို ဖြေရှင်းဖို့ ဒီ Post ကို တင်ပေးလိုက်ပါတယ်.. Root ဖောက်ပြီးသား ရ မရတော့ မစမ်းရသေးဘူးဗျ.. Root မဖောက်ရသေးတာကိုတော့ စမ်းဖူးတယ်.. အဆင်ပြေတယ်.. လွယ်လွယ်လေးပါ.. ပေးထားတဲ့လင့်က ဖိုင်ကိုဒေါင်းပြီးဖြည်လိုက်.. ရလာတဲ့ MyanmarFontTheme.hwt ဆိုတဲ့ဖိုင်လေးကို ဖုန်းရဲ့ sd card ထဲက HWThemes ဆိုတဲ့ Folder ထဲကို ထည့်ပေးလိုက်ပါ။ ဒါဆိုရင် ဖုန်းရဲ့ Theme ထဲမှာ Elegance ဆိုတဲ့ Theme တစ်ခုရောက်လာပါတယ်.. အဲဒီ Theme ကို Apply လုပ်ပြီး Theme With Font ဆိုတာကိုရွေးပေးလိုက်ပါ... ဒါဆိုရင်မြန်မာ font ကိုသုံးလို့ရပါပြီဗျ... တစ်ချို့ဖုန်းတွေမှာတော့ အဆင်ပြေမှာမဟုတ်ပါဘူး..ဒါကတော့
ကံတရားပေါ့ဗျာ... :P :P


Saturday 15 June 2013

ဖုန်းဖြင့်တွဲပြီး PC နှင့် Laptop များပေါ်တွင် အင်တာနက် အသုံးပြုခြင်း

ဖုန်းဖြင့်တွဲပြီး PC နှင့် Laptop များပေါ်တွင် အင်တာနက် အသုံးပြုခြင်း

ဖုန်းဖြင့် PC နှင့် Laptop များပေါ်တွင် အင်တာနက် အသုံးပြုလိုပါက အောက်ပါနည်းလမ်း
များအတိုင်း  ဆောင်ရွက်နိုင်ပါတယ်...။ အခုပြောပြမယ့် အကြောင်းအရာ တွေကတော့
Andriod ဖုန်း version 2.0 နဲ့ အထက်တွေမှာ ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်..၊
အရင်ဆုံး setting ထဲက wireless and Network ကို ရွေးပေးပါ။
 
Tethering and Portable Hotspot ကို ရွေးပေးပါ။
Port. Wi-Fi hotspot settings ကို ရွေးပေးပါ...၊ မြှားထိုးတာ မှားနေပါသည်:)
Configure Wi-Fi hotspot ကို ဆက်ရွေးပေးပါ။
Network SSID - ကိုယ်ပေးချင်တဲ့ နာမည်ပေးလို့ရပါသည်။
Security - WPA2 PSK ကိုရွေးပေးပါ။
Password ကို ကိုယ်ကြိုက်နှစ်သက်ရာ ရိုက်ထည့်ပါ။ ပြီးရင်တော့ Save button နှိပ်ပါ။
 Back ခလုပ်တစ်ချက်နှိပ်ပြီး၊ Portable Wi-Fi hotspot ကို tick လုပ်ပေးပါ။
 မိ laptop taskbar ရဲ့ ညာဘက်အောက်နားမှာရှိတဲ့ connetion ပြတဲ့ bar လေးကိုဖွင့်ကြည့်
လိုက်ရင် သင်ပေးခဲ့တဲ့ နာမည်နဲ့ လိုင်းတက်နေတာကို အောက်ပါ အတိုင်းမြင်ရပါလိမ့်
မယ်။
အဲဒီမှာ တစ်ချက်နှိပ်လိုက်ပါ။ password တောင်းပါလိမ့်မယ်။ မပူပါနဲ့..။ အရှေ့မှာ သင်
ရိုက်ခဲ့တဲ့ password ကို ပြန်ရိုက်ထည့်ပေးလိုက်ပါ။ ပြီးရင် connect ဆိုတာ နှိပ်ပေးလိုက်
ရင် သင့် laptop မှာ အင်တာနက် သုံးလို့ရပါပြီ။
မှတ်ချက် ။ ဒါနည်းက ဖုန်းကနေ Wifi ပြန်လွှင့်တဲ့နည်းဖြစ်ပြီး သင်က laptop ရှိမှသာ အ
ဆင်ပြေမှာပါ။ အကယ်လို့ laptop မဟုတ်ပဲ PC နဲ့ သုံးမယ်ဆိုရင်တော့ အောက်ပါ နည်း
လမ်းများအတိုင်း လုပ်ဆောင်နိုင်ပါတယ်။
ဖုန်းကို ကွန်ပျူတာနဲ့ USB ဖြင့် ချိတ်ပေးပါ။ ဖုန်းထဲမှာ Charge Phone ကိုသာရွေးပေးပါ။
ပြီးရင် Setting > Wireless and Network > Tethering and Portable hotspot ကို အရှေ့က
အတိုင်း အစဉ်လိုက်ဝင်လိုက်ပါ။
USB thethering ကို tick လုပ်ပေးလိုက်ပါ။ ခဏကြာရင် သင့် PC taskbar ရဲ့ ညာဘက် connection ပြတဲ့ နေရာလေးမှာ coneection ချိတ်မိကြောင်း သင်္ကေတလေးတွေ့ရပါလိမ့်
မယ်။ ဒါဆိုရင်တော့ သင့်ဖုန်းဖြင့် PC မှာ internet အသုံးပြုလို့ရပါပြီ။
မှတ်ချက် ။ အထက်ပါနည်းမှာလည်း မိမိဖုန်းရဲ့ driver ကို PC ထဲ ထည့်သွင်းပြီးမှသာ
လျှင် အဆင်ပြေမှာဖြစ်ပါတယ်။ PC မှာ သုံးဖို့ phone driver လည်း မရှိဘူး၊ မိမိဖုန်းရဲ့
 function ထဲမှာလည်း thethering and portable hotspot ဆိုတဲ့ function ပါမလာဘူးဆိုရင်တော့ နောက်ဆုံးနည်းလမ်း ရှိပါသေးတယ်။
အရင်ဆုံးအောက်က ပေးထားတဲ့ ဖိုင်ကို အရင် download ပါ။
                                                         
                                                         ဒီမှာဒေါင်းပါ 
အဲဒီထဲမှာ apk file နဲ့ exe file နှစ်ခုပါပါတယ်။ apk file ကို ဖုန်းထဲမှာ Install လုပ်ပါ။  
exe file ကို အသုံးပြုမယ့် computer ထဲမှာ install လုပ်ပါ။
ပြီးရင် ဖုန်းကို computer နှင့် USB ကြိုးဖြင့် ဆက်သွယ်ချိတ်ဆက်ပါ။ ဖုန်းတွင်
Charge Phone ပဲ ရွေးပေးပါ။
ဖုန်းထဲမှ Easy Thether ကို ဖွင့်ပြီး USB thether တွင် အမှန်ခြစ်ပေးပါ။ ထို့နောက်
computer taskbar တွင် ပေါ်နေသော Easy thether ပုံလေးတွင် တစ်ချက် နှိပ်ပြီး
Connet via Andriod ဆိုတာလေး ရွေးပေးလိုက်ရင် သင့် computer တွင် ဖုန်းဖြင့်
 internet ချိတ်ဆက် အသုံးပြုလို့ ရရှိမှာ ဖြစ်ပါတယ်။
 

တုနှိုင်းမဲ့ မိခင်မေတ္တာ

တုနှိုင်းမဲ့ မိခင်မေတ္တာ

စိတ်မကောင်းလိုက်တာဗျာ တရုတ်နိုင်ငံမှာ  ငလျင်လှုပ်တုန်းက  မိခင်တစ်ယောက်က
အောက်ကသူ့သားလေးပိမှာစိုးလို့ကာထားပေးတာပါတယ်ကယ်ဆယ်ရေးတွေရောက်
လာတဲ့အချိန်မှာတော့ကျောက်ချပ်နံရံကမိခင်ရဲ့ကျောကုန်းနဲ့ဦးခေါင်းပေါ်မှာပိကျသေ
ဆုံးနေပါပြီ။သာမန်အားကောင်းမောင်းသန်ယောက်ျားတွေအရေးကြုံရရင်ဘာလုပ်လို့
လုပ်ရမှန်းမသိ  ဖြစ်တတ်ပါတယ်။   ဒီအမျိုးသမီးကတော့  သားသမီးအတွက် ၁စကန့်
လောက်အချိန်တွင်မှာကာကွယ်ပေးဖို့ဆုံးဖြတ်ချက်ကိုချနိင်ခဲ့တာဘာလို့လဲ။

သူပာာ....................မိခင်ဖြစ်နေလို့လေ။ဒါကြောင့်အမျိုးသမီးတွေကိုအထင်မသေးကြ
ပါနဲ့ဗျာ။အမျိုးသမီးတွေဆိုတာလူသားတွေ၇ဲ့မိခင်တွေနဲ့မိခင်ဖြစ်လာမယ့်လူတွေချည်းပ
ဗျ့၊ဒါကြောင့်အမျိုးသမီးတွေ ကိုနှိမ့်ချမဆက်ဆံကြပါနဲ့.............ကျွန်တော်ဘယ်သူတွေ
ကို၇ည်ညွန်းပြောလည်းသိကြမှာပါဗျာ။

:D ကျောချမ်းစရာကြီးဗျ လူ့အရိုးတွေ တန်ဆာဆင်ထားတဲ့ ဘုရားကျောင်းတဲ့!!!

:D ကျောချမ်းစရာကြီးဗျ လူ့အရိုးတွေ တန်ဆာဆင်ထားတဲ့ ဘုရားကျောင်းတဲ့!!!


ထူးထူးဆန်းဆန်း လူတွေရဲ့အရိုးတွေ၊ ခေါင်းတွေနဲ့ တန်ဆာဆင်ထားတဲ့ ဘုရားရှိခိုးကျောင်းဟာ အပြင်မှာ တကယ်ရှိပါတယ်ဆိုရင် ယုံချင်ပါ့မလားမသိဘူးနော်။ မယုံဘူးဆိုရင် အောက်က ပုံတွေမှာ ကြည့်နိုင် ပါတယ်။ လူတွေရဲ့ အရိုး အစစ် တကယ်ဟုတ်မဟုတ် သေချာ လေ့လာ စူးစမ်းချင်တယ်ဆိုရင်တော့ ချက်ဇ် ရီပတ်ပလစ်နိုင်ငံကို ကိုယ်တိုင်သွားရောက်လို့ လေ့လာနိုင်ပါတယ်နော်။ :P


Image Hosted by PicturePush - Photo Sharing

ပုံမှာမြင်ရတဲ့ဘုရားကျောင်းဟာ အတွင်းထဲမှာတော့ လူ့အရိုးပေါင်းများစွာနဲ့ မျက်နှာကျက်တွေ နံရံတွေ၊ တိုင်တွေမှာ တန်ဆာဆင်ထားတာ ဖြစ်ပါတယ်။ ချက်ဇ်ရီပတ်ပလစ်နိုင်ငံမှာ တည်ရှိတဲ့ Ossuary ဘုရားကျောင်းဟာ ဘယ်လိုများ တန်ဆာဆင်ထားသလဲဆိုတာ သိချင်ရင် ဘုရားကျောင်းထဲ ဝင်ကြည့်ကြပါစို့လားရှင်။
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing




ပုံမှာ မြင်ရတဲ့အတိုင်းပါဘဲ။ အားလုံးမြင်နေရတဲ့ အရိုးတွေ ဦးခေါင်းတွေဟာ တကယ်ကို လူရိုးတွေ ဖြစ်ပါ တယ်။ Ossuary ဘုရားကျောင်းဟာ (Bone Church) လို့ လူသိများပြီး ချက်ဇ်လိုတော့ Kostnice လို့ခေါ်ကြပါတယ်။ လူပေါင်း ၄၀၀၀၀ ခန့်ရဲ့ အရိုးများကို ခင်းကျင်း ဆင်ယင်ထားတာ ဖြစ်ပြီး ဒီဘုရားကျောင်းကို ၁၃ရာစုမှာ ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ထုထည်ကြီးမားတဲ့ အဆောက် အဦး ဖြစ်သော်လည်း အလင်း ဝင်ပေါက်မှာ ပြတင်းပေါက်ခပ်ကျဉ်းကျဉ်း ကနေသာ ဝင်ရောက်နိုင်အောင် စီမံထားတာဖြစ်လို့ ဘုရားကျောင်းထဲမှာ လျှပ်စစ်မီးသာ မရှိလျှင် အေးစိမ့် မှုန်မှိုင်းနေမှာ သေချာပါတယ်။ ဘုရားကျောင်းရဲ့ နံရံ၊ မျက်နှာကျက် ကြည့်လေရာရာ နေရာတိုင်းမှာ လူတွေရဲ့ အရိုးတွေကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ပြုလုပ်ဖန်တီးထားတာ တွေ့နိုင်ပါတယ်။ အဲဒီအရိုးတွေဟာ ဘုရားကျောင်းရဲ့ သင်္ချိုင်း မှာ နောက်ထပ် အသစ်ရောက်လာတဲ့ လူသေ အလောင်းများ မြုပ်နှံရန် နေရာ လွတ်အတွက် ယခင်ကမြုပ်နှံ ခဲ့တဲ့ လူတွေရဲ့ အရိုးတွေကို ဘုရားကျောင်းမှာ ထိန်းသိမ်းထားရာကနေ ခုလို ပြုပြင်ဖန်တီးဖို့ စိတ်ကူး ရကာ ပြင်ဆင် ထားခဲ့တာဖြစ်ပါတယ်။ 


Bone Church


 
Image Hosted by PicturePush - Photo Sharing


photo


ဘုရားကျောင်း မျက်နှာကျက်ပေါ်မှာလည်း အရိုးတွေချိတ်ဆွဲထားတဲ့အပြင် မီးပန်းဆိုင်းကိုပင်လျှင် ပုံမှာ မြင်ရတဲ့အတိုင်း အရိုးများနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒီမီးပန်းဆိုင်းဟာ မရဏမင်းရဲ့ မီးပန်းဆိုင်းလို့လည်း တင်စားကြပါသေးတယ်။


Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
photo

Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing

အထက်ပါ ဘုရားကျောင်းဟာ လာရောက်ကြည့်ရှုလေ့လာသူများအတွက် တစ်နှစ်ပတ်လုံး ဖွင့်ထားပြီး ဒီဇင်ဘာလ ၂၄ရက်နဲ့ ၂၅ရက် ၂ရက်တည်းသာ ပိတ်ပါတယ်။ ဝင်ကြေးမှာ ချက်ဇ်ငွေ 40Kč  ဖြစ်ပြီး ကျောင်း သူကျောင်းသားများ ဆိုရင်တော့ 20Kč သာ ပေးရမှာ ဖြစ်ပါတယ်။  ဓာတ်ပုံရိုက်မယ်ဆိုရင်တော့ ကင်မရာအတွက် အပိုကြေး 30Kč ထပ်မံ ပေးဆောင်ကြရမှာဖြစ်ပါတယ်။


photo



Bone Church Entry 

ပိရမစ်ပုံ မာဘယ် ကျောက်သားတိုင်ကြီးရဲ့ ဘေးတစ်လျှောက်မှာတော့ အရိုးခေါင်းတွေဟာ ပါးစပ်ကြီးဟပြီး မိမိရဲ့ ခြေသလုံးရိုးကို ကိုက်ထားတဲ့သဏ္ဍာန် ပုံဖော်ထားပါတယ်။

Kutna Hora Bone Church, Prague

 အကြွေစေ့တစ်ချို့တောင်တွေ့ရသေး



ပုံတွေကြည့်ရတာ အားမရလို့ ဗီဒီယိုကြည့်လိုသူများ အောက်က ယူကျုမှာ ကြည့်နိုင်ပါတယ်နော်။ ဘာတွေပြောနေတယ် ဆိုတာတော့ ဒေါ်ချောတစ်ယောက်လည်း နားမလည်ပါ။ အရိုးဘုရားကျောင်းကို သွားလိုသူများအတွက် လိပ်စာမှာ 

Kostnice
Zamecká 127
Kutná Hora - Sedlec, 284 03
Tel. 728 125488



သွားရောက်လည်ပတ်ခဲ့ကြသူ တစ်ချို့ကတော့ ဒီမြင်ကွင်းဟာ အနိဌာရုံမြင်ကွင်းဖြစ်တယ်။ ကြည့်တဲ့ သူတွေရဲ့ စိတ်ကို ခြောက်ခြားစေတယ်။ ကြက်သီးထစေတယ် လို့ ဆိုကြပါတယ်။ တစ်ယောက်ကတော့ ဘုရားကျောင်းရဲ့ reception desk မှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးကို “ခင်ဗျား.. ဒီလိုနေရာ မျိုးမှာ နေ့တိုင်းနေရတာ ဘယ်လိုမှ မခံစားရဘူးလား။ မကြောက်ဘူးလား” လို့ မေးတဲ့အခါ. “ အိုး.. ဒါတွေက  သေပြီးသားသူတွေရဲ့ အရိုးတွေဘဲ.. အသက်ရှိတော့တာမှ မဟုတ်တာ။ ဘာကြောက်စရာရှိလဲ.. သူတို့က ဘယ်သူ့ကိုမှ နာကျင်အောင် မလုပ်နိုင်တော့ပါဘူး။ အသက်ရှင်နေတဲ့ သူတွေကသာ ဒုက္ခပေးနိုင်တာ၊ ကြောက်ဖို့ကောင်းတာ” လို့ ခပ်ပြတ်ပြတ် ပြန်ဖြေပါတယ်တဲ့။