Saturday 30 November 2013

Sony Xperia SP ကို JellyBean (Android V4.1.2) တင်၍ Root လုပ်နည်း

http://fs02.androidpit.info/userfiles/4155894/image/Sony_Xperia_S.jpg
Xperia SP Jellybean version 4.1.2 ကို Root ချင်သူများအတွက် Root ကြရအောင်နော် :) 
SP

Unlock Bootloader လုပ်ထားရပါမယ်..အရင်က Unlock Bootloader လုပ်ထားပြီးပြီပဲ ..လိုဘူးလေလို့တော့ ပြောနဲ့နော်….Bootloader Status ကိုပြန်စစ်ကြည့်ပါ..Unlock ဖြစ်ပြီးသားဆိုရင်တော့ ထားလိုက်လေနော့..မဖြစ်သေးရင်ထပ်လုပ်လို်က်ပါ..ဘာလို့အဲဒီလိုပြောပါသလဲဆိုတော့ ကျတော်အဲဒီ P (ICS) Root လုပ်တုန်းက Unlock Bootloader လုပ်ခဲ့ပြီးသားပါ ဒါပေမယ့် ဒီ Jellybean လေးတင်တော့ Bootloader က Lock ပြန်ဖြစ်နေလို့ပါ…
Bootloader Unlock လုပ်နည်းလေးကို မသိသေးသူများအတွက် — >  ဒီလင့်ခ်မှာ ကြည့်ပါ  Or  နောက်တနည်း 
Unlock ဖြစ်မဖြစ်ကို CMD မှာလဲ မြင်တွေ့နိုင်သလို ဒီအတိုင်းလဲထပ် Check ကြည့်နိုင်ပါတယ်
Dial *#*#7378423#*#*   -> “Service Info” -> “Configuration“. If there is:
Bootloader unlock allowed – Yes << ဒါဟာ Bootloader is Locked
Bootloader Unlocked – Yes << ဒီလိုပြနေပြီဆိုရင်တော့ bootloader is unlocked
Unlock ဖြစ်ပြီဆိုရင်တော့ လုပ်ငန်းစရအောင်
အရင်ဆုံး Fastboot ကို ဒေါင်းလိုက်ပါ  —  > Fastboot
ပြီးရင် သူရဲ့ Kernel လေးဒေါင်းလိုကပါ — > Kernel.elf
ပြီးရင်တော့ဖုန်းကိုပါဝါပိတ်ထားလိုက်ပါ
Fastboot folder ထဲကို kernel.elf လေးသွားထည့်ထားလိုက်ပါ
စတင်ပါပြီခင်ဗျ ခုချိန်ကစပြီးတော့ ……ဟိဟိ
မိမိဖုန်းမှာ USB Debugging Mode နှင့် Unknown Sources  ၂ ခုစလုံးကို ON ထားပေးပါ
ဖုန်းကိုပိတ်လိုက်ပါ..Fastboot ၀င်ပါမယ်……………….
Power Off … ခဏစောင့်ပေးပါ..ပြီးရင်
Volume Up Key ကိုနှိပ်ထားပေးပြီး USB ကြိုးထိုးလိုက်ပါ………
Fastboot Folder ကိုဖွင့်လိုက်ပါ………
အဲဒီထဲက လွတ်နေတဲ့နေရာလေးမှာ ကီးဘုတ်က Shift Key ကိုနှိပ်ထားပေးပြီး Right Click နှိပ်ပါမယ်
* open command  window here * ဆိုတာလေးကို နှိပ်လိုက်ပါ….

CMD မှာ စာတမ်းလေးပေါ်လာပါလိမ့်မယ် ဒီလိုလေး
789

အဲဒါလေးပေါ်နေပြီဆိုရင်တော့ အဲဒီရဲ့နောက်မှာ ဒီစာကြောင်းလေးရိုက်ထည့်လိုက်ပါ.
မရိုက်ထည့်ချင်ရင်လည်း Copy လုပ်ပြီး CMD> edit ကနေ Paste လုပ်လိုက် ပေါ့  ..ပျင်းတယ်ဆိုရင်တော့ ဟိဟိ
ရိုက်ထည့်ရမည့်စာကြောင်းက >>>    fastboot flash boot kernel.elf    <<<
79
ခဏလေးပဲကြာပါမယ် ၁စက္ကန့်နီးပါးလောက်ပေါ့
ပြီးရင်တော့ ဒီ ကောင်လေးရိုက်ထည့်လိုက်ပါ >>> fastboot reboot <<<
ပြီးရင်တော့ Enter :)
ဖုန်းက reboot ကျသွားပါလိမ့်မယ်
ခဏစောင့်ပါ ဖုန်း Boot ပြန်တက်လာပါလိမ့်မယ်..
ပြီးရင်တော့ Super User လေးကိုရှာကြည့်လိုက်ပါ  တွေ့ပါလိမ့်မယ် .
SP1
.ကဲဗျာ အဲဒါဆိုရင်တော့ Root ခြင်းလုပ်ငန်း ဒီတွင်ပြီးဆုံးပါပြီပေါ့နော် :P
စမ်းသပ်ပေးသူ ကို မျိုးလေးဝမ်း ကို ကျေးဇူးအထူးတင်ပါတယ်

Friday 29 November 2013

ZawGyi Font Changer (Andriod Vresion 4.0 အထက် ကနေ 4.2.2 အထိ မြန်မာစာ မှန်တဲ့ ဆော့ဝဲလ် ပါ။ မြန်မာဖောင့် ထည့်နည်းပါ ရေးထားပေးပါတယ်။ Andriod ဖုန်းသုံးသူတိုင်း ဒီနည်းနဲ့ မြန်မာဖောင့် ထည့်နိုင်ပါတယ်)


ZawGyi Font Changer (Andriod Vresion 4.0 အထက် ကနေ 4.2.2 အထိ မြန်မာစာ မှန်တဲ့ ဆော့ဝဲလ် ပါ။ မြန်မာဖောင့် ထည့်နည်းပါ ရေးထားပေးပါတယ်။ Andriod ဖုန်းသုံးသူတိုင်း ဒီနည်းနဲ့ မြန်မာဖောင့် ထည့်နိုင်ပါတယ်)


Andriod ဖုန်းတွေမှာ မြန်မာဖောင့်ထည့် ချင်တဲ့ သူငယ်ချင်းတွေအတွက် ဒီနည်းလေးကို တင်ပေးလိုက် တာပါ။ ဖုန်းက Root ပြီးသားဖြစ်ရပါမည်။ မြန်မာဖောင့်ထည့်နည်းကတော့ ဆော့ဝဲလ်ကို Install ပြီးရင် ဖွင့်လိုက်ပါ။ ပြီးရင် Root စစ်ဆေးမယ်, Superuser စစ်ဆေးမယ်, Busybox စစ်ဆေးမယ်။ Root Access ဖြစ်ထားတဲ့ ဖုန်းဆို ထိုအချက်နှင့် အုံးလုံးပြည့်စုံပါတယ်။ အောက်ကပုံကိုကြည့်လိုက်ပါ။

 https://lh4.ggpht.com/68FpAa7il4Jax1EWhAUVSwJK6z-J8zxoO8oAEjiUWoS1uvvnHizodF2H98K3bKWJoi2i=h900

မြန်မာဖောင့်ထည့်တော့မယ်ဆိုရင် Install Zawgyi ကိုနှိပ်လည်းရပါတယ်။ ဖောင့် အလန်းလေးတွေ နဲ့ သုံးချင်ရင်တော့ ညာဘက်က Font Style မှာ ကြိုက်တဲ့ ဖောင့်ကို ရွေးပြီး Install ပေးလိုက်ပါ။ ပြီးရင် ဖုန်းကို Reboot ချပေးလိုက်ပါ။ ပြန်တတ်လာရင် မြန်မာစာကိုကောင်းစွာမြင်ရပါပြီ။ ZawGyi Font Changer ကိုဒီလင့်မှာ ၀င်ယူနိုင်ပါတယ်။

Andriod ဖုန်းတွေ Root မရှိသေးသောသူငယ်ချင်းများကို Root ဖို့ အလွယ်ဆုံး နည်းလမ်းပေး လိုက် ပါတယ်။ အရင်ဆုံး Root ဖို့က ကွန်ပြူတာရှိထားရမယ် အင်တာနက်လိုင်း ရှိထားရမယ်.။ Root လုပ်ဖို့ ဆော့ဝဲလ် ကို ဒီလင့်မှာဝင်ယူလိုက်ပါ။ အဲလင့်ထဲမှာ ပြထားတဲ့နည်းအတိုင်း ကွန်ပြူတာမှာ Install ပါ။ ပြီးရင် မိမိ Root မဲ့ ဖုန်းရဲ့ Setting/Developer Options မှာ USB Debugging နဲ့       Allow Mock Locations နှစ်နေရာလုံးမှာ အမှတ်ပေးပြီး USB ကြိုးနှင့် ကွန်ပြူတာကို ချိတ်ဆက်လိုက်ပါ။

Vroot ကိုဖွင့်ထားလိုက်ပါ။ 10 မိနစ်လောက် စောင့်ပေးပါ။ ကွန်ပြူတာနဲ့ Vroot က ဖုန်းကိုသိအောင် သူ့ဟာသူ Driver ကို ရှာပေးမှာဖြစ်ပါတယ်။ အင်တာနက်လိုင်းကောင်းရင် ခနလေးပါပဲ။ Vroot က ဖုန်းကို သိပြီဆိုတာနဲ့ Root ဖို့ စာတတ်လာပါမယ်။ ဖုန်းကို Root ထည့်လိုက်ပါ။ ဖုန်းပြန်ပွင့်လာရင် Root Access ဖြစ်ပါပြီ။ အပေါ်ကပေးထားတဲ့ Font Changer လေးကိုထည့်ပြီး မြန်မာဖောင့် ပြောင်းလိုက်ရုံပါပဲ။

အခုကျနော်ရှင်းပြထားတဲ့နည်းလေးကတော့ Andriod ဖုန်း အားလုံးကို Root နိုင်တဲ့ နည်းလေးပါ။ Vroot က ဖုန်းအားလုံးနီးပါး 90% ကို Root နိုင်ပါတယ်။ ဖုန်း အမျိုးစားတော်တော်များကို ကျနော် Root ပေးဖူးပါတယ်။ အားလုံးကို အဆင်ပြေပါတယ်။ Vroot မဖတ်တဲ့ ဖုန်း အနည်းငယ် လောက် ရှိပါတယ်။

ကျန်နော်တော့ မကြုံရသေးပါဘူး။ ကိုယ်ကိုင်နေတဲ့ ဖုန်းက Vroot မဖတ်တဲ့ဖုန်း ဆိုရင်တော့ တခြားနည်း လမ်း ရှာပေါ့။ အခုရေးပေးလိုက် တဲ့နည်းက ဖုန်းအားလုံးကို ခြုံပြီး ရေးလိုက်တာဖြစ်ပါတယ်။ Andriod ဖုန်းသုံးသူတိုင်း စမ်းနိုင်ပါတယ်။

မြန်မာကီးဘုတ် လိုချင်သူများ ဒီလင့်မှာ ဒေါင်းနိုင်ပါတယ်။ လေ့လာချင် ကိုယ်တိုင်ကြိုးစားချင်စိတ်ရှိတဲ့ သူငယ်ချင်းတွေကတော့ ဒီနည်းကို နားလည်ကြမှာပါ။ ကျနော်လည်း ကို့ဆီ မြန်မာဖောင့် လာထည့်တဲ့ Andriod ဖုန်းမှန် သမျှကို ဒီနည်းပဲ သုံးပါတယ်။

အပေါ်က  ZawGyi Font Changer ကို Install မရတဲ့ ဖုန်းများက ဒီလင့်မှာ နောက် Fontchanger ထပ်ဒေါင်းလိုက်ပါ။ ဒါနဲ့ Zawgyi ဖောင့် ပြောင်းလိုက်ပါ။

အားလုံးအဆင်ပြေပါစေ.......။

အိမ်ဒီဇိုင်း ပန်းအလှ ဒီဇိုင်းဝါသနာရှင်များအတွက် ရေးဆွဲနည်းလက်စွဲ Core Draw စာအုပ်


Friday, November 22, 2013

အိမ်ဒီဇိုင်း ပန်းအလှ ဒီဇိုင်းဝါသနာရှင်များအတွက် ရေးဆွဲနည်းလက်စွဲ Core Draw စာအုပ်





Download - Core Draw  X_4 Guide 

Tuesday 5 November 2013

Install Windows 7 with your USB Strick

Install Windows 7 with your USB Strick

ဒီနေရာမှာ ဆော့ဝဲလ်ကို ဒေါင်းလုပ် ရယူပါ။ အောက်ပါအချက်များကို လုပ်ရန်မလိုအပ်တော့ပါ။

How to Install Windows 7 with USB Strick?!!!
ဝင်းဒိုး ၇ ကို သင့်၏ ယူအက်စ်ဘီ စတစ်ဖြင့် တင်လိုပါက အောက်ပါအတိုင်း ပြုလုပ်ကြည့်ပါ။ ၁၀၀% အောင်မြင်ပါလိမ့်မယ်။ အဆင့်တွေတော့

မကျော်နဲ့ပေါ့နော်။ အဓိက လိုအပ်ချက်များကတော့
၁. 4GB, 8GB USB Strick (Minimun storage drive is 4GB)
၂. သင့်စက်ထဲတွင် Winrar ထည့်ထားရပါမယ်။
၃. Windows 7

အောက်ပါ အဆင့်များအတိုင်း လုပ်ရပါမယ်။

၁။ ပထမဦးစွာ သင့်ရဲ့ USB Strick ကို ဖော်မက်ချရပါမယ်။ ဖော်မက်ချတာကိုလည်း အောက်ပါအတိုင်း ပြုလုပ်စေလိုပါတယ်။ ပုံများကို ကြည့်ပါ။ အဓိက
ပြောလိုသည်က ကျနော်တို့က ဖော်မက်ချရုံတင်မဟုတ်ပါဘူး။ ကွန်ပြူတာမှာ Bootable Drive တစ်ခု အဖြစ်နဲ့ပါ ကျနော်တို့အနေနဲ့ ပြောင်းလဲရမှာ ဖြစ်ပါတယ်။

ဖော်မက်ချပြီး သင့်၏ မင်မိုရီ စတစ်ကို စက်မှာ တပ်ဆင်ပါ။


 ပုံပါအတိုင်း Search Box တွင် cmd ဟု ရိုက်ပြီး Right Click ဖြင့် Run as Administrator ဆိုပြီး
ဖွင့်လိုက်ပါ။ သင့်ရဲ့ မင်မိုရီ စတစ်ဟာ c:\Windows\system32 အောက်မှာ ရှိပါလိမ့်မယ်။ (ဝင်းဒိုးကို စီထဲမှာ တင်ထားသည်ဟု ယူဆချက်ဖြင့်)

ပြီးလျှင် “diskpart” ဟု ရိုက်ထည့်လိုက်ပါ။ Enter ကို ခေါက်ပါ။ DISKPART> ဟု ကျလာပါလိမ့်မယ်။

 ပြီးလျှင် disk list ဟုရိုက်ထည့်လိုက်လျှင် သင့်ရဲ့ USB ကို 
တွေ့ရပါလိမ့်မယ်။ ကျနော့်ပုံအရဆိုရင်တော့ နံပါတ် ၂ ပေါ့။
ပြီးလျှင် Select Disk # ဟု ရိုက်ပါ။ ပြီးလျှင် နံပါတ် ၂ (ကျနော့်ပုံအရ) ဟု ရိုက်ပါ။
ပြီးလျှင် Clean ဟု ရိုက်ပါ။ စတစ်ထဲတွင် ပုန်းကွယ်နေသော Sectors များက အစ ရှင်းသွားပါလိမ့်မယ်။
ှCreate Partition Primary စတစ်ထဲတွင် Primary Partition ဖန်တီးသွားပါလိမ့်မယ်။ ဝင်းဒိုးတင်ရန် default parameters အဖြစ် ဖန်တီးပါလိမ့်မယ်။
Select Partition 1
Active
Format FS=NTFS အမှန်အားဖြင့် သင်၏ စတစ်ဟာ FAT အဖြစ် တည်ရှိနေခြင်းမှ NTFS စနစ်ကို ပြောင်းလဲပေးဖို့ပါ။
Assign ဟု ရေးပြီးလျှင် L ကီးကို တစ်ချက်နှိပ်လိုက်ပါ။ ကျနော်တို့ ဒွက်ကို L ဟု သတ်မှတ်လိုက်တာပါ။
Exit နှင့် ထွက်လိုက်ပါ။

၂။ ဒုတိယ အဆင့်အနေဖြင့် သင့်ရဲ့ DVD Drive ထဲကို ဝင်းဒိုး ၇ အခွေကို ထည့်လိုက်ပါ။ ဝင်းဒိုး အခွေရှိ အားလုံးကို ကော်ပီးကူးလိုက်ပါ။ ပြီးလျှင်

သင့်ကွန်ပြူတာရဲ့ Desktop ပေါ်တွင် Windows 7 အမည်ဖြင့် ဖိုဒါအသစ်တည်ဆောက်ပြီး ၄င်းထဲတွင် Paste လုပ်လိုက်ပါ။

ပုံ
 ပြီးလျှင် cmd ကို မူလ ပထမအတိုင်း ပြန်ဝင်လိုက်ပါ။
CD ဟု ရိုက်ပြီး “C:\Users\USERNAMEHERE\Desktop\Windows 7\” အထိ ပတ်လမ်းရောက်အောင် ပြပေးလိုက်ပါ။
CD Boot ဟုရိုက်ပြီး အင်းတားခေါက်ပါ။
Bootsect.exe /nt60 L: ဟု ရိုက်ပါ။ မူလက ကျနော်တို့ USB Drive ကို L ဟု ပေးခဲ့သောကြောင့်။
*** အရေးကြီးသော အချက် တစ်ချက် ပြောလိုသည်မှာ.... သင်စက်သည် ဝင်းဒိုး ၇၊ ၃၂ ဘစ် တင်ထားသော စက်ဖြစ်ပါက၊ သင်ထည့်လိုသော မင်မိုရီ

စတစ်ထဲတွင်လည်း ၃၂ ဘစ်ပဲ ထည့်ပါ။ ၆၄ ဘစ်ဆိုလျှင် ၆၄ ဘစ်ပဲ ထည့်ပါ။
ပုံ

၃။ သင်၏ USB Strick ထဲသို့ ဝင်းဒိုး ၇ အား ကူးယူ၊ ထည့်သွင်းခြင်း

ဘာမှ မလိုတော့ပါဘူး။ ပုံမှန်အတိုင်း ကူးယူထည့်လိုက်ပါ။
နောက်ဆုံး အဆင့်အနေနဲ့တော့
သင်တင်လိုသော စက်ကို ထုံးစံအတိုင်း စတစ်ကို ထိုးလိုက်ပါ။ F2 or F12 ကို နှိပ်ပြီး BIOS ထဲကို ဝင်လိုက်ပြီး ဒွက်လက်တာကို ပုံပါအတိုင်း ချိန်းလိုက်ပါ။ F10 ကိုနှိပ်ပြီး ဆေ့လုပ်ပြီး လျှင် စလို့ရပါပြီ။

ကျန်တာတွေကတော့ ထုံးစံအတိုင်း အခွေထည့်ပြီး တင်ရသလိုမျိုးပါပဲ။ မလုပ်တတ်စရာ လုံးဝ မရှိနိုင်ဟု ယူဆသောကြောင့် ဆက်မရေးတော့ပါ။

(ရေးပျင်းသောကြောင့်)

Saturday 2 November 2013

မိမိစက်ထဲက Data အချက်အလက်တွေသူများဖွင့်ကြည့်လို့မရအောင်ဝှက်ထားချင်ရင်

မိမိစက်ထဲက Data အချက်အလက်တွေသူများဖွင့်ကြည့်လို့မရအောင်ဝှက်ထားချင်ရင်

သူငယ်ချင်းအားလုံးမင်္ဂလာလို့ အာကာဒီတစ်ခါတော့အရမ်းအသုံးဝင်မယ်ထင်တဲ့ဆော့ဝဲလေး
တစ်ခုတင်ပေးလိုက်ပါတယ်ဒီကောင်လေးကိုအရင်ကသုံးဖူးလို့
လိုက်ရှာနေတောအခုတော့ ဒီက နေရခဲ့တယ် မနဲ့ရှာရတယ်
ဒီကောင်လေးက ဘာအသုံးဝင်လည်းဆိုရင် မိမိတို့စက်ထဲမှာရှိတဲ့
Data အချက်အလက်တွေ ဓာတ်ပုံတွေ Video တွေ အခြားသောဖိုင်တွေ အားလုံးအာလုံးကို
လျှို့ဝှက်သိမ်းဆည်းထားနိုင်ပါတယ် ဒီအောင်လေးအခြားဆော့ဝဲလ်တွေနဲ့မတူပါဘူး
အခြားဆော့ဝဲလ်တွေက ဖိုင်တစ်ခုချင်း ဖိုတာ တစ်ခုချင်းပဲဝှက်လို့ရပါတယ် အလုပ်ရှုပ်တာပေါ့
ဒီကောင်လေးကတော့အဲလိုမဟုတ်ပါဘူး သိမ်းရ ၀ှက်ရတာလွယ်ပါတယ်
ဒီကောင်လေးကို Install လုပ်လိုက်တာနဲ့ Yo-Safe(F:) ဆိုပြီး Hard Disk တစ်ခုရပါတယ်
ကိုယ်သိမ်းချင် ၀ှက်ချင်တာတွေအားလုံး Yo-Safe(F:) Hard Disk ထဲမှာကူးပြောင်းပြီး ဆော့ဝဲလ်ကိုပိတ်လိုက်တာနဲ့
Yo-Safe(F:) Hard Disk ပါပျောက်သွားပြီးမည်သူမျှမသိနိုင်တော့ပါဘူး မိမိရဲ့ဘာညာဘာညာတွေ လူများသိမှာဆိုးရင်
ဒီကောင်လေးသာသုံးလိုက်ပါစိတ်ချရပါတယ်.....ပြောနေတာနဲ့လေရှည်တာကဲလိုအပ်ရင်တော့အောက်မှာဒေါင်းလိုက်ပါ
ဖိုင်ဆိုဒ်လည်းသေးပါတယ် 14 MB ကျော်လေးပါပဲ ဆော့ဝဲလ်လေးကိုအောက်မှာဒေါင်းလိုက်ပါ
ပြီးရင်ထုံးစံအတိုင်း Install လုပ်လိုက်ပါ Install လုပ်ပြီးရင် စက် Restart ချလိုက်ပါ မချလို့မရပါဘူး
ချရပါ့မယ့် Restart ချမှ Yo-Safe(F:) Hard Disk ရမယ်သုံးလို့ရပါ့မယ်
ဟိုအောက်ပါအတိုင်းလုပ်လိုက်ပါ


အဆင်(၁) Star ကိုကလစ်နှိပ်ပါ
အဆင့်(၂) password ဖြည့်ပါ Enter Master password နှင့် Confirm password မှာတူညီစွာဖြည့်ပါ
password Hint နေရာမှာ ကိုယ်password မေ့တတ်တယ်ဆိုရင် အမှန်ကိုဖြည့်ပေါ့
မေ့နေရင်အလွယ်တကူကြည့်လို့ရသလို သူများတွေလည်းကြည့်လို့ရပါတယ်
မသိတဲ့သူဆိုရင်မကြည့်တတ်ပါဘူး အခြားရေးချင်ရာရေးထည့်တာကောင်းပါတယ် သူများဖွင့်လို့ရအောင်ပေါ့ နားမလည်ရင် အဆင့်(၆)နဲ့ ဟိုအောက်ဆုံးကပုံကိုကြည့်လိုက်ပါ
password ဖြည့်ပြီးသွားရင် Next ကိုကလစ်နှိပ်ပါ
အဆင့်(၃) အခုလိုမျိုးနေရင်ခဏစောင့်နေပေးပါ
အဆင့်(၄) ok နှိပ်ပါ
အဆင့်(၅) ဒီနေရာရောက်ရင်ကြည့်လိုက်ပါ 2000 MB(2GB) ပဲ မူရင်းရပါတယ်
အဲကိုယ်က GB များများလိုချင်ရင်တော့ 2000MB ဆိုတဲ့နေရာမှာမိမိလိုချင်သလောက်လုပ်လိုက်ပါ
ဥပမာ.5GB လိုချင်ရင် 50000 ....10GB လိုချင်ရင် 10000 လို့ရေးလိုက်ပါ မိမိလိုချင်သလောက်
ဖြည့်ပြီးပြီဆိုရင် Apply ကိုကလစ်နှိပ်လိုက်ပါ ပြီးရင်ပြီးအောင်စောင့်ပါဆိုဒ်ကြီးရင်ကြာပါတယ်
ဒီအဆင့်ကိုနောက်မှာလုပ်လည်းရပါတယ် ကဲဒါတွေပြီးရင် ဖွင့်လို့ရပါပြီ Open မှာအမှတ်ပေးပြီး ok လုပ်လိုက်ပါ
အဆင့်(၆) စောစောကဖြည့်ခဲ့တဲ့ password ကိုမှန်အောင်ရိုက်ထည့်ပြီး ok လုပ်လိုက်ပါ
Hint ဆိုတာလေးကိုကြည့်လိုက်ပါ ညာဘက်ဘေးမှာ အဲဟာလေးကစောစောကအပေါ်မှာ
password Hint နေရာမှာဖြည့်ခဲ့တာကို အခုဒီအောက်ကပုံမှာမြင်ရတဲ့ Hint ဆိုတာကလစ်နှိပ်ရင်ပေါ်လာပါတယ်
ဒါကြောင့်ကိုယ်pass မေ့တတ်တယ်ဆိုရင် အဲနေရာမှာ မှန်အောင်ဖြည့်ထားပါ အမှန်ဖြည့်ထားရင်သူများဖွင့်လို့ရနေပါတယ်
အားလုံးပြီးသွားရင် Yo-Safe(F:) ဆိုပြီး Hard Disk တစ်ခုထွက်လာပါပြီး
မိမိသိမ်းချင်ဝှက်ချင်တာအားလုံးကို အဲ Hard Disk ထဲမှာ သိမ်းပြီးဝှက်နိုင်ပါပြီ
ကဲသိမ်းလို့ဝှက်လို့ပြီးသွားပြီဆိုရင် Close မှာအမှတ်ပေးပြီး ok လုပ်လိုက်ပါ
ဒါဆိုရင် Yo-Safe(F:) Hard Disk လည်းပျောက်သွားပါပြီ ဘယ်သူမှာလည်းမသိတော့ပါဘူး
ဒီပုံကိုကြည့်ပါ အပေါ်မှာ password Hint နေရာမှာ iloveyou လို့ဖြည့်ခဲ့တဲ့အတွက်
Hint မှာနှိပ်ကြည့်ရင် iloveyou ပဲပေါ်ပါတယ် အမှန်တကယ်password မဟုတ်ပါ

Flash Maker ဖလတ်သီချင်းလုပ်ချင်သူတွေတွက်

Flash Maker ဖလတ်သီချင်းလုပ်ချင်သူတွေတွက်

ဒီဆော့ဝဲလေးကတော့ မိမိဓာတ်ပုံတွေနဲ့ Flash သီချင်းအသေးစားလေးတွေလုပ်လို့ရပါတယ်
ပုံနဲ့သီချင်းလုပ်မယ်ဆိုရင်ခဏနဲ့လွယ်လွယ်လေးလုပ်လို့ရပါတယ်
ပုံတွေပေါ်ကိာမြန်မာလိုလည်းစားရေးလို့ရပါတယ်
လင့်တွေချိတ်ချင်လည်းရပါတယ် လုပ်နည်းတော့အဖြစ်လောက်ပဲရေးပြလိုက်ပါတယ်
လိုအပ်ရင်အောက်မှာဒေါင်းယူနိုင်ပါတယ်
ဖလတ်သီချင်းကြီးတွေမလုပ်တတ်သူတွေတွက်
အသေးစားအပျင်းဖြေဖလတ်လေးစလိုက်ရှိုးလေးလုပ်လို့ရတာပေါ့
ဖိုင်ဆိုဒ်လည်းမကြီးပါဘူး 2.35MB ပဲရှိပါတယ်

အတင့်(၁) Add photos မှာကလစ်ပြီးစက်ထဲမှလိုချင်တဲ့ပုံတွေကိုဆွဲပြီး
Open မှာကလစ်ပြီးထည့်လိုက်ပါ
အဆင့်(၂) Preview ကိုကလစ်နှိပ်လိုက်ပါ
အဆင့်(၃)အောက်ခံရောင်မိမိကြိုက်ရာရွေးပါ နောက်ပြီး
Frame Width နဲ့ Frame Height မှာမိမိထားချင်သလောက်ထားလိုက်ပါ
သီချင်းသံထည့်ချင်ရင် Background Music နေရာမှာအမှန်ခြစ်ပြီး
ညာဘက်ကမျှားပြထားတဲ့နေရာမှာကလစ်ပြီးသီချင်းတစ်ပုဒ်ထည့်လိုက်ပါ
Save ရန် Pudlish မှာကလစ်ပါ
Output Flash Movie မှာအမှန်ပေးလိုက်ပါ ပြီးရင် Next ကိုနှိပ်လိုက်ပါ
နောက်ထပ်မိမိသိမ်းချင်တဲ့ဖိုတာ နဲ့နာမည်ရေးပြီး Next ကိုပဲဆက်နှိပ်သွားလိုက်ပါ
ဟိုအောက်မြည်သံကနမူတာလုပ်ထားတာပါ နောက်ခံအရောင်ချင်းတူသွားတယ်

Post titleAndroid ဖုန်းမှာသုံးတဲ့ဆော့ဝဲတွေကို PC မှာထည့်သုံးချင်ရင်

Android ဖုန်းမှာသုံးတဲ့ဆော့ဝဲတွေကို PC မှာထည့်သုံးချင်ရင်

သူငယ်ချင်းအားလုံးမင်္ဂလာပါခင်ဗျာ ကျနော်ဒီတစ်ခါတော့
ကွန်ပျူတာဖုန်းပေါ့နော် Android ဖုန်းမှာသုံးနေတဲ့ဆော့ဝဲတွေကိုကွန်ပျူတာထဲမှာသုံးလို့ရပါတယ်
အခုပေးတဲ့ဆော့ဝဲလ်လေးကိုကွန်ပျူတာထဲထည့်ထားလိုက်ရင် ကိုယ်ကိုင်နေတဲ့ Android ဖုန်းတစ်လုံးလိုပါပဲ
အကုန်လုံးဖုန်းနဲ့အတူတူပဲ Android ဖုန်းပုံစံကိုကွန်ပျုတာမှာသုံးလို့ရအောင်လုပ်ထားတဲ့ဆော့ငဲလေးပါ
လိုအပ်ရင်အောက်မှာကြိုက်တာဒေါင်းလိုက်ပါ Free သုံးလို့ရအောင် patch လည်းပါပါတယ်
patch ဖြည်နည်းရောဆော့ဝဲသွင်းနည်းရော ရေးပြထားပါတယ် အသုံးပြုနည်းကတော့ပြောစရာမလိုလောက်ပါဘူး
Android ဖုန်းသုံးတဲ့သူဆိုရင်သုံးတတ်ပါတယ် Android ဖုန်းတစ်လုံးပါပဲ
ဖုန်းလိုဆိုရင် Android Version 2.3.4 သူကသုံးရတာပေါ့ပေါ့ပါးပါးလေးပါ

ဖုန်းလိုဆိုရင် Android Version 4.1 သူကသုံးရတာနဲနဲလေးပါတယ်
ဗားရှင်းမြင့်တော့ ဒီဇိုင်းတမျိုးပေါ့
Android2.3.4       Android4.1
ဘယ်ဘက်အခြမ်းက youwave _android ဆိုတာလေးကိုအရင် Install လုပ်လိုက်ပါ
ပြီးမှ patch ဖြည်လိုက်ပါ
Patch ဖိုင်ကိုဖွင့်လိုက်ပါ ပြီးရင်အခုလိုမျိုးကြီးပေါ်လာရင် ဘာဘက်အောက်နားက
မျှားပြထားတဲ့ Apply patch ကိုကလစ်လိုက်ပါ
Yes ကိုနှိပလိုက်ပါ
DRIVE_C(C:) ကိုဝင်ပါ ပြီး Program Files ကိုဆက်ဝင်လိုက်ပါ
ဝင်ပြီးရင် Y ကိုရိုက်လိုက်ပါ ပြီးရင် YouWave_Android ဖိုတာလေးကိုရှာလိုက်ပါ
တွေ့ရင်ကလစ်ပြီးဖွင့်လိုက်ပါ
အပေါ်ကအဆင့်ပြီးရင်ဒီပုံတိုင်းတွေ့ပါ့မယ် တွေ့ပြီဆိုရင် YouWave_Android ဆိုတာလေးကိုကလစ်လိုက်ပါ
ပြီးရင်ညာဘက်အောက်နားက Open ကိုကလစ်နှိပ်လိုက်ပါ ဒါဆိုရင်ပြီးပါပြီ
ကျွန်ပျူတာထဲမှာရှိတဲ့ဆော့ဝဲသွင်းနည်းပါ File ကိုကလစ်ပါ ပြီးရင် Path To Apps ကိုကလစ်လ်ုကပါ
ဖုန်းဆော့ဝဲရှိတဲ့ဖိုတာတစ်ခုကိုကလစ်ပြီး Add ကိုကလစ်နှိပ်လိုက်ပါ
အဲဖိုတာလေး Add လုပ်ပြီးရင် အဲဖိုတာလေးကိုပဲ ကလစ်ပြီး Open ကိုဆက်ကလစ်လိုက်ပါ
ဒါဆိုရင်ဖိုတာထဲမှာရှိတဲ့ ဖုန်းဆော့ဝဲတွေပေါ်ပါ့မယ်
အခုလိုမျိုးဖုန်းဆော့ဝဲတွေပေါ်လာပြီးဆိုရင် မိမိ Install လုပ်ချင်တာကိုရွေးပြီး
ကလစ် ၂ချက် ၃ချက်လောက်မြန်မြန်ကလစ်လိုက်ပါ အဲတာဆိုရင် Install လုပ်လိုက်ပါပြီ
သုံးလို့ရပါပြီ
အခုဒီဆော့သဲထဲကနေဆော့ဝဲတွေဒေါင်းဖို့ရာ
ဒီဖုန်းထဲမှာပါ Browser ကိုဖွင့်ပြီး www.1mobile.com လို့ရေးပြီးရှာလိုက်ပါ
အဲလိုရှာပြီး 1mobile market ကိုဒေါင်းပြီး Install လုပ်လိုက်ပါ
ဖုန်းဆော့ဝဲတွေကိုဒေါင်းလို့ရပါတယ် အပေါ်ကပုံမှာကြည့်လိုက်ပါ
အပေါ်ဆုံးမှာ 1mobile market လေးပါ အဲကတေဒေါင်းပြီးတစ်ခါထဲ Install လုပ်သုံးလို့ရပါတယ်
မှတ်ချက်...ကျနော်စက်မှာဆော့ဝဲတိုင်းသုံးလို့မရဘူး သူငယ်ချင်းတို့စက်တွေမှာရ မရတော့မသိဘူးပေါ့

ဝင်းဒိုးတင်ပြီးဆောင်ထားသင့်သော Software များစုစည်းမှု



ကျွန်တော်ဒီတစ်ခါ ၀င်းဒိုးတင်ပြီးတာနဲ့ အဓိကအသုံးဝင်ဆော့စ်ဝဲလ်များကို စုစည်းပေးထားပါတယ်။
ဆော့စ်ဝဲအားလုံး 24 မျိုးပါဝင်ပါတယ်။ မိမိလိုအပ်တဲ့ဆော့စ်ဝဲကိုကလစ်ပြီး Install လုပ်လိုက်ရုံပါပဲ။
နောက်ဆုံးထွက်လာတဲ့ Full Version အသစ်များကိုသာရေွးချယ်တင်ပေးထားခြင်းဖြစ်ပါတယ်။
ပါဝင်တဲ့ အမျိုးအစားတွေကတော့...
1.E-Book..
1) EMail ကိုအကောင်းဆုံးလုံးချုံအောင် ကာကွယ်နည်း။
2) Skype ကိုမြန်မာလိုကောင်းစွာအသုံးပြုနည်း။
3) Facebook ကိုအကောင်းဆုံးအသုံးပြုတတ်အောင်လေ့လာနည်း။
4) Gmail & Gtalk ကိုအကောင်းဆုံးအသုံးနည်း နှင့် အသုံးချနည်းများ။

2. Myanmar Fonts All in One ( 400 in 1 )
3. Windows 7 Loader For (32bit / 64bit )
4. 7zip Windows (32bit)
5. 7zip Windows (64bit)
6. ESED-NOD32 Antivirus (All Windows)
7. Firefox 26 Beta 1
8. Flashplayer 11-9
9. FoxitReader
10.GoogleTalk (GTalk)
11.I-Dictionary 5ဘာသာကိုမြန်မာဘာသာပြန်နိုင်သော (5 in 1 )
12.Internet Download Manager 1.18 Build 4 + Patch
13.Netframe 3.5 (I-Dictionary သုံးသူများNetframe 3.5 ကိုအရင် အင်စတောလုပ်ပါ )
14.Teamviewer 8.1.0
15.VLC-Windows (32bit)
16.VLC-Windows (64bit)
17.Window Media Player 11
18.ZawGyiFont For Windows 7 (32bit)
19.ZawGyiFont For Windows 7 (64bit)
20.ZawGyiFont For Windows XP (32/64bit)
21.WinRar (32bit)
22.WinRar (64bit)



ဆော့စ်ဝဲအားလုံးပေါင်း ဖိုင်ဆိုဒ် 230MB ရှိပါတယ်။ လိုအပ်မယ့်ဆော့စ်ဝဲများဖြစ်သည့်အတွက် ဒေါင်းပြီးသိမ်းထားသင့်ပါတယ်။

ကြော်ငြာလေးကလစ်ခြင်းဖြ**့အားပေးကြပါ.....

http://mm-knowledgeinfo.blogspot.com/2013/11/software.html