ဖမ်းယူမှတ်တမ်းတင်ပေးမယ့် ကင်မရာဆော့ဝဲ လေးပါ ဓာတ်ပုံသတင်းထောက်တွေအတွက်
သိပ်အသုံးဝင်မယ်လို့ထင်ပါတယ် ၁၀ စက္ကန့်အတွင်း ပုံတစ်ရာကျော် တောက်လျှောက်ရိုက်ပေးနိုင်ပြီး
ကြည်လင်ပြတ်သားမှုကလည်းကောင်းတယ်ဗျာ အဲဒီဆော့ဝဲနဲ့ပဲ သင်ရိုက်ထားတဲ့ပုံတွေကို
ရုပ်ရှင်ကြည့်နေသလို တောက်လျှောက်လည်းပြန်ကြည့်လို့ရသေးတယ်
အရှိန်နဲ့ သွားနေတဲ့ယာဉ်များကိုလည်း သေချာစွာရိုက်ကူးနိုင်တဲ့ဆော့ဝဲပါ
ဒီဆော့ဝဲမှာ အဓိကလိုအပ်တာကတော့ သင့်ဖုန်း ပရိုဆက်ဆာနဲ့မီမိုရီစတစ်ပါပဲ
ဖုန်းပရိုဆက်ဆာမြင့်မှာရိုက်တာပိုမိုမြန်ဆန်ပြီး တစ်ခါဆက်တိုက်ရိုက်ရင် ပုံတစ်ရာကျော်ရိုက်နိုင်လို့
မီမိုရီ စတစ် ဂစ်ဂါဗိုက်များမှ ပုံများများမှတ်လို့ရမှာပေါ့နော်
ရုတ်ရုတ်သဲသဲအခြေနေမှာ စက်သေနတ်ပစ်သလို ဆက်တိုက်ရိုက်ကူးပြီး ကိုယ်လိုချင်တဲ့
ပစ်မှတ် ကိုသေချာရွေးချယ်နိုင်တာကြောင့် သတင်းသမားတွေအတွက်အဆင်ပြေတာပေါ့ဗျာ
အခု မြန်မာပြည် က အစိုးရ သတင်းစာ သတင်းထောက်တွေကို
အလကားပေးထားတဲ့ HUAWEI 8818 နဲ့လည်း အဆင်ပြေပါ့ဗျာ
ကျနော်လည်းဒီဖုန်းပဲကိုင်တာ မီမိုရီ 32 GB သုံးဆယ့်နှစ်ဂစ်ဂါဗိုက်လောက် ထည့်လည်းမလေးဘူး အေးဆေးပဲ
အဲတစ်ခုပြောစရာရှိတာကတော့ ဖုန်းကို ဗားရှင်း မမြင့်နဲ့ 4.0.3 မြင့်လိုက်ရင်တော့နည်းနည်းလေး လေးလာမယ်
ပြောရင်းနဲ့လွဲကုန်ပြီ အောက်မှာ သုံပုံသုံးနည်းလေးပြထားပါတယ်ဗျာ
သူက ရိုက်လိုက်ရင် တစ်ခါရိုက်ရင် ဖိုင်လေးတစ်ဖိုင်နဲ့သိမ်းတတ်တယ်
အောက်မှာ ဥပမာပေါ့ဗျာ ရိုက်ပြီးရင်ဘယ်လိုကိုယ့်ဖုန်းထဲမှာပေါ်လည်းဆိုတာ
No delay မှာထားလိုက်ပါ ဒါမှစက္ကန့် မဆိုင်းပဲဆက်တိုက်ရိုက်မှာနော်
အောက်မှာ ပြထားတဲ့ပုံအတိုင်း Burst mode ကိုရွေးပေးလိုက်ပါ
ဒါမှအကန့်သတ်မဲ့ရိုက်လို့ရမှာပါ
ဒါကို ကလစ်ပြီးယူလိုက်ပါဗျာ
No comments:
Post a Comment