Showing posts with label ကွန်ပြူတာတွက် ဆော့ဝဲ့လ်. Show all posts
Showing posts with label ကွန်ပြူတာတွက် ဆော့ဝဲ့လ်. Show all posts

Wednesday, 4 December 2013

ကွန်ပြူတာထဲက RAM ကို ကူညီပေးမယ့် ReadyBoost အကြောင်း

credit >>> အခြေခံနည်းပညာသမားလေး
refer >>> အိုင်တီမုဆိုး
ကျွန်တော်တို့ရဲ့ ကွန်ပြူတာမှာ Hardware ပေါင်းများစွာနဲ့ အလိုက်သင့် ချိတ်ဆက်လည်ပတ်နေတယ်ဆိုတာ အားလုံးလည်း သိပြီးသားပါ ..
ဒါပေမယ့် ကျွန်တော်တို့တွေ သုံးနေတဲ့ ကွန်ပြူတာတွေမှာ ကျွန်တော်တို့လိုချင်သလောက် Hardware တွေကို တိုးမြှင့်သုံးစွဲနိုင်ဖို့ဆိုတာ အမြဲတမ်းမဖြစ်နိုင်ပါဘူး ..
ဥပမာ .. RAM ကို1GB သာ Support လုပ်ပေးနိုင်တဲ့ mother board ပေါ်မှာ စက်ကို ပိုပြီးမြန်စေချင်တဲ့ စိတ်နဲ့ RAM ကို 1GB နှစ်ချောင်း .. ဒါမှမဟုတ် 2GB တစ်ချောင်း အဲဒီလို ပိုပြီး ပမာဏမြင့်တဲ့ Hardware တစ်ခုခုကို တိုးမြှင့်အသုံးပြုလို့ လုံးဝ အဆင်ပြေမှာမဟုတ်ပါဘူး
အဲဒီတော့ ကျွန်တော်တို့မှာ RAM အသုံးချမှု မြင့်မားတဲ့ ပရိုဂရမ်တွေကို အသုံးပြုတဲ့အခါမှာ ကိုယ့်စက်ထဲက RAM ပမာဏဟာ ကန့်သတ်ပမာဏ နည်းနေမယ်ဆိုရင် အသုံးပြုနေရင်နဲ့ Forced stop ဖြစ်တာမျိုးတွေ Hang သွားတာမျိုးတွေ .. အဲဒီလို ပြဿနာမျိုးတွေနဲ့ ကြုံရမှာဖြစ်ပါတယ် ..


ဒါမျိုး ဘာကြောင့်ဖြစ်တာလည်းဆိုတော့ ကျွန်တော်တို့အသုံးပြုနေတဲ့ ပရိုဂရမ်တစ်ခုရဲ့ သက်ဆိုင်ရာဒေတာတွေကို ပထဦးဆုံး RAM ( Random Access Memory ) ပေါ်မှာ အရင်ဆုံး ကူးယူမှတ်သားထားပြီးမှ သူဆီမှာမှတ်သားထားတဲ့ ဒေတာတွေကို အလွယ်တကူ ယူသုံးလိုက်တာဖြစ်ပါတယ် .. အဲဒီလို မှတ်သားထားတဲ့ ဒေတာတွေကို Cache Memory လို့လည်း ခေါ်ပါတယ် .. Cache Memory အဖြစ်နဲ့ သာမှတ်ပေးမယ့် ကြားခံ Hardware မရှိဘူးဆိုရင် ကျွန်တော်တို့ရဲ့ ကွန်ပြူတာတွေဟာ ကီးတစ်ခုကိုနှိပ်ပြီးတာနဲ့ အဲဒီကီးရဲ့ Output ကို ရဖို့ အနည်းဆုံး 0.07 စက္ကန့်လောက် စောင့်ပေးနေရမှာဖြစ်ပါတယ် .. သိပ်များပြားတဲ့ အချိန်ပမာဏ မဟုတ်ဘူးလို့ ထင်ရပေမယ့် Digital စနစ်အရတော့ ကမ္ဘာကို တစ်ဝက်ကျော်ကျော်လောက် ပတ်ပစ်လို့ရနိုင်တဲ့ အချိန်ပမာဏပဲ ဖြစ်ပါတယ် ..
ကဲ .. အဲဒါဆိုရင် စက်ကထောက်ပံ့ပေးနိုင်တဲ့ RAM ပမာဏကလည်း နည်းတယ် ကိုယ်ကလည်း RAM အသုံးချမှု မြင့်မားတဲ့ ပရိုဂရမ်မျိုးကိုလည်း မဖြစ်မနေ အသုံးပြုရတော့မယ် .. ဒါမှမဟုတ် .. RAM ထောက်ပံ့နိုင်မှုတော့ ရှိပါရဲ့ ဒါပေမယ့် ကိုယ့်အတွက် RAM ထပ်စိုက်လို့ရတဲ့ အခြေအနေမျိုးမရှိဘူး (ဥပမာ- ဆိုင်မှာသုံးနေရတာမျိုး .. RAM ရှာရခက်တဲ့နေရာဒေသမျိုး ) အဲဒီလို အခြေအနေမျိုးနဲ့ ကြုံရပြီးဆိုင်ရင် ကျွန်တော်တို့ရဲ့ ကွန်ပြူတာတွေကို ပစ်လိုက်ရတော့မှာလား
အဲဒီလောက် စိမ်းကားစရာမလိုပါဘူး .. ဘာကြောင့်လဲဆိုတော့ ၀င်းဒိုးစနစ်ထဲမှာပါတဲ့ RAM ကို ထောက်ကူအားပေးမယ့် နည်းပညာလေးတစ်ခုရှိပါတယ် ..
အဲဒါကဘာလဲဆိုတော့ ReadyBoost နည်းပညာပါ ..
ReadyBoost ဆိုတာကတော့ ခဏတဖြုတ် မှတ်သားဖို့လိုအပ်တဲ့ ဒေတာတွေကို RAM ပေါ်မှာ မှတ်သားမယ့်အစား USB ပေါ်မှာလွှဲပြောင်းမှတ်သားခြင်းအားဖြင့် RAM ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို တို့မြှင့်လာအောင် ကူညီပေးမယ့် နည်းစနစ်ပဲ ဖြစ်ပါတယ် ..
ဒါပေမယ့် ဒီနည်းစနစ်ရဲ့ အကျိုးသက်ရောက်မှုဟာ RAM = 1GB နဲ့အထက်ရှိတဲ့ ကွန်ပြူတာတွေအတွက် ထင်ထင်ရှားရှား သိနိုင်မှာမဟုတ်ပေမယ့် RAM = 1GB အောက်ပဲရှိတဲ့ ကွန်ပြူတာတွေမှာ တော့ သိသိသာကြီးကို ကွန်ပြူတာရဲ့ Performance တွေ တိုးတက်လာတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ် ..
ဘာကြောင့်လဲဆိုတော့ RAM ပမာဏ 1GB လောက်ရှိပြီဆိုရင်ပဲ တော်တော်တန်တန် များပြားတဲ့ Cache Memory တွေကို မှတ်သားနိုင်လို့ တခြားနေရာမှာ ကူညီမှတ်သားစရာ သိပ်မလိုတော့တာပါ ..
ဒါပေမယ့် RAM = 1GB အောက် ( အထူးသဖြင့် 512MB ) လောက်ပဲ ရှိတဲ့ ကွန်ပြူတာတွေမှာတော့ RAM ထဲမှာ မဆံ့တော့တဲ့ Cache Memory တွေကို ReadyBoost လုပ်ထားတဲ့ USB (memory stick, flash drive ) ထဲမှာ ပြောင်းလဲသိမ်းဆည်းပြီး အသုံးပြုနိုင်တာကြောင့် သိသာတဲ့ Performance တိုးတက်လာမှုတွေကို မြင်ရတာဖြစ်ပါတယ် ..
ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ ကွန်ပြူတာမှာ RAM = 8GB စိုက်ထားတာတောင် ReadyBoost လေးလုပ်ပြီး အသုံးပြုပါတယ် .. ဘကြောင့်လဲဆိုတော့ RAM ရဲ့ တန်ဘိုးက USB တစ်ချောင်းရဲ့ တန်ဘိုးထက် ပိုမြင့်တယ်လို့ တွေးမိတဲ့အပြင် .. တတ်နိုင်သလောက် ကိုယ့်စက်ရဲ့ ကျန်းမာရေးကို အထောက်အကူပြုမယ့် နည်းတွေကို အသုံးပြုတဲ့သဘောပဲ ဖြစ်ပါတယ် ..
ကဲ .. နည်းနည်းလည်း ရှည်သွားပြီ .. ReadyBoost လုပ်နည်းလေး ပြောပြပါမယ် ..
ပထဆုံး 2GB နဲ့ အထက်ရှိတဲ့ Memory Stick လေးတစ်ချောင်းတော့ လိုပါတယ် .. ဒီနေရာမှာ တစ်ခုပြောချင်တာက တစ်ချို့သော Flash Drive တွေဟာ ReadyBoost လုပ်လို့ရလောက်တဲ့ Speed မျိုး မရှိတာတွေဖြစ်တတ်ပါတယ် .. ဒါကြောင့် နံမည်ရှိပြီးသား Brand မျိုးကိုသာ ၀ယ်ယူသင့်ပါတယ် ..
ကဲ .. USB လေးရလာပြီပေါ့ .. မားသားဘုဒ်မှာ အဲဒီ USB လေးကို ထိုးလိုက်ပါ ..
ပြီးရင် my computer ကိုဖွင့်ပါ .. အဲဒီထဲက ကိုယ်ထိုးလိုက်တဲ့ USB ပေါ်မှာ Right Click နှိပ်ပြီး ကျလာတဲ့ထဲက Properties ကိုနှိပ်ပေးလိုက်ပါ ..


အဲဒီအခါ ပွင့်လာတဲ့ Box ထဲက ReadyBoost ကိုနှိပ်ပြီး ပေါ်လာတဲ့ထဲက Use this device မှာ အမှတ်တပ်ပေးလိုက်ပါ ... အဲဒီထဲက အပေါ်ဆုံးမှာရှိတဲ့ Do not use ... ဆိုတာကတော့ ReadyBoost လုပ်ထားတဲ့ USB ကို ReadyBoost အဖြစ်အသုံးမပြုချင်တော့ရင် သူ့ကိုနှိပ်ပေးပြီး Apply နှိပ် Ok နှိပ်ပြီး မှ Format ချလို့ရမှာဖြစ်ပါတယ် .. ( ဒီအတိုင်းဆိုရင် ReadyBoost လုပ်ထားတဲ့ USB ကို Format ချလို့ လုံးဝမရပါဘူး ) ဒုတိယစာကြောင့်ဖြစ်တဲ့ Dedicate this device .... ဆိုတာကတော့ ကိုယ့်ရဲ့ USB ဟာ ReadyBoost လုပ်လို့ ရမရ စမ်းပေးမယ့်နေရာပါ .. အောက်ဆုံးက Use this device ကတော့ ReadyBoost လုပ်မယ့်အခါ မဖြစ်မနေသုံးရမယ့် နေရာပါ .. 4094 MB ဆိုတဲ့ နေရာကတော့ USB ပေါ်မှာ ReadyBoost အဖြစ် အများဆုံးအသုံးပြုနိုင်တဲ့ ပမာဏကို ဖော်ပြထားတာဖြစ်ပါတယ် .. ကျွန်တော်က 4G ပမာဏရှိတဲ့ USB ကိုသုံးပြထားလို့ အဲဒီလောက် ပမာဏပြနေတာပါ .. အဲဒီပမာဏကို ကိုယ်လိုသလို လျှော့ပေးလို့လည်း ရပါသေးတယ် .. ( တိုးလို့တော့ မရပါဘူး)

အဲဒီထဲက အောက်ဆုံးမှာရှိတဲ့ Use this device ကိုအမှတ်တပ်ပြီး Apply ကိုနှိပ်လိုက်ရင် အဲဒီ USB ကို ReadyBoost လုပ်လို့ရမရ configure လုပ်နေတာကို ခဏလောက်စောင့်ပေးပြီး Error Box တက်မလာဘူးဆိုရင် Ok ကိုနှိပ်ပေးလိုက်ရုံပါပဲ ..
နောက်ဆုံး ReadyBoost လုပ်လိုပြီးသွားပြီဆိုတာနဲ့ USB လေးဟာ Cache Memory တွေနဲ့ ပြည့်လုနီးပါး ဖြစ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်

ကောင်းတာကတော့ ReadyBoost အဖြစ်သုံးတဲ့ USB ကို Mother Board ဖက် ( အနောက်ဖက် )က USB ပေါက်မှာထိုးထားပြီး အမြဲတမ်း တပ်ဆင်အသုံးပြုသင့်ပါတယ် .. RAM အသုံးပြုမှုမြင့်တဲ့ ပရိုဂရမ်တွေကို သုံးတော့မယ်ဆိုမှ ReadyBoost USB ကိုတပ်လိုက်ရင်လည်း ဖြစ်ပါတယ် ..
ကဲ .. အားလုံးအဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်

Tuesday, 5 November 2013

Install Windows 7 with your USB Strick

Install Windows 7 with your USB Strick

ဒီနေရာမှာ ဆော့ဝဲလ်ကို ဒေါင်းလုပ် ရယူပါ။ အောက်ပါအချက်များကို လုပ်ရန်မလိုအပ်တော့ပါ။

How to Install Windows 7 with USB Strick?!!!
ဝင်းဒိုး ၇ ကို သင့်၏ ယူအက်စ်ဘီ စတစ်ဖြင့် တင်လိုပါက အောက်ပါအတိုင်း ပြုလုပ်ကြည့်ပါ။ ၁၀၀% အောင်မြင်ပါလိမ့်မယ်။ အဆင့်တွေတော့

မကျော်နဲ့ပေါ့နော်။ အဓိက လိုအပ်ချက်များကတော့
၁. 4GB, 8GB USB Strick (Minimun storage drive is 4GB)
၂. သင့်စက်ထဲတွင် Winrar ထည့်ထားရပါမယ်။
၃. Windows 7

အောက်ပါ အဆင့်များအတိုင်း လုပ်ရပါမယ်။

၁။ ပထမဦးစွာ သင့်ရဲ့ USB Strick ကို ဖော်မက်ချရပါမယ်။ ဖော်မက်ချတာကိုလည်း အောက်ပါအတိုင်း ပြုလုပ်စေလိုပါတယ်။ ပုံများကို ကြည့်ပါ။ အဓိက
ပြောလိုသည်က ကျနော်တို့က ဖော်မက်ချရုံတင်မဟုတ်ပါဘူး။ ကွန်ပြူတာမှာ Bootable Drive တစ်ခု အဖြစ်နဲ့ပါ ကျနော်တို့အနေနဲ့ ပြောင်းလဲရမှာ ဖြစ်ပါတယ်။

ဖော်မက်ချပြီး သင့်၏ မင်မိုရီ စတစ်ကို စက်မှာ တပ်ဆင်ပါ။


 ပုံပါအတိုင်း Search Box တွင် cmd ဟု ရိုက်ပြီး Right Click ဖြင့် Run as Administrator ဆိုပြီး
ဖွင့်လိုက်ပါ။ သင့်ရဲ့ မင်မိုရီ စတစ်ဟာ c:\Windows\system32 အောက်မှာ ရှိပါလိမ့်မယ်။ (ဝင်းဒိုးကို စီထဲမှာ တင်ထားသည်ဟု ယူဆချက်ဖြင့်)

ပြီးလျှင် “diskpart” ဟု ရိုက်ထည့်လိုက်ပါ။ Enter ကို ခေါက်ပါ။ DISKPART> ဟု ကျလာပါလိမ့်မယ်။

 ပြီးလျှင် disk list ဟုရိုက်ထည့်လိုက်လျှင် သင့်ရဲ့ USB ကို 
တွေ့ရပါလိမ့်မယ်။ ကျနော့်ပုံအရဆိုရင်တော့ နံပါတ် ၂ ပေါ့။
ပြီးလျှင် Select Disk # ဟု ရိုက်ပါ။ ပြီးလျှင် နံပါတ် ၂ (ကျနော့်ပုံအရ) ဟု ရိုက်ပါ။
ပြီးလျှင် Clean ဟု ရိုက်ပါ။ စတစ်ထဲတွင် ပုန်းကွယ်နေသော Sectors များက အစ ရှင်းသွားပါလိမ့်မယ်။
ှCreate Partition Primary စတစ်ထဲတွင် Primary Partition ဖန်တီးသွားပါလိမ့်မယ်။ ဝင်းဒိုးတင်ရန် default parameters အဖြစ် ဖန်တီးပါလိမ့်မယ်။
Select Partition 1
Active
Format FS=NTFS အမှန်အားဖြင့် သင်၏ စတစ်ဟာ FAT အဖြစ် တည်ရှိနေခြင်းမှ NTFS စနစ်ကို ပြောင်းလဲပေးဖို့ပါ။
Assign ဟု ရေးပြီးလျှင် L ကီးကို တစ်ချက်နှိပ်လိုက်ပါ။ ကျနော်တို့ ဒွက်ကို L ဟု သတ်မှတ်လိုက်တာပါ။
Exit နှင့် ထွက်လိုက်ပါ။

၂။ ဒုတိယ အဆင့်အနေဖြင့် သင့်ရဲ့ DVD Drive ထဲကို ဝင်းဒိုး ၇ အခွေကို ထည့်လိုက်ပါ။ ဝင်းဒိုး အခွေရှိ အားလုံးကို ကော်ပီးကူးလိုက်ပါ။ ပြီးလျှင်

သင့်ကွန်ပြူတာရဲ့ Desktop ပေါ်တွင် Windows 7 အမည်ဖြင့် ဖိုဒါအသစ်တည်ဆောက်ပြီး ၄င်းထဲတွင် Paste လုပ်လိုက်ပါ။

ပုံ
 ပြီးလျှင် cmd ကို မူလ ပထမအတိုင်း ပြန်ဝင်လိုက်ပါ။
CD ဟု ရိုက်ပြီး “C:\Users\USERNAMEHERE\Desktop\Windows 7\” အထိ ပတ်လမ်းရောက်အောင် ပြပေးလိုက်ပါ။
CD Boot ဟုရိုက်ပြီး အင်းတားခေါက်ပါ။
Bootsect.exe /nt60 L: ဟု ရိုက်ပါ။ မူလက ကျနော်တို့ USB Drive ကို L ဟု ပေးခဲ့သောကြောင့်။
*** အရေးကြီးသော အချက် တစ်ချက် ပြောလိုသည်မှာ.... သင်စက်သည် ဝင်းဒိုး ၇၊ ၃၂ ဘစ် တင်ထားသော စက်ဖြစ်ပါက၊ သင်ထည့်လိုသော မင်မိုရီ

စတစ်ထဲတွင်လည်း ၃၂ ဘစ်ပဲ ထည့်ပါ။ ၆၄ ဘစ်ဆိုလျှင် ၆၄ ဘစ်ပဲ ထည့်ပါ။
ပုံ

၃။ သင်၏ USB Strick ထဲသို့ ဝင်းဒိုး ၇ အား ကူးယူ၊ ထည့်သွင်းခြင်း

ဘာမှ မလိုတော့ပါဘူး။ ပုံမှန်အတိုင်း ကူးယူထည့်လိုက်ပါ။
နောက်ဆုံး အဆင့်အနေနဲ့တော့
သင်တင်လိုသော စက်ကို ထုံးစံအတိုင်း စတစ်ကို ထိုးလိုက်ပါ။ F2 or F12 ကို နှိပ်ပြီး BIOS ထဲကို ဝင်လိုက်ပြီး ဒွက်လက်တာကို ပုံပါအတိုင်း ချိန်းလိုက်ပါ။ F10 ကိုနှိပ်ပြီး ဆေ့လုပ်ပြီး လျှင် စလို့ရပါပြီ။

ကျန်တာတွေကတော့ ထုံးစံအတိုင်း အခွေထည့်ပြီး တင်ရသလိုမျိုးပါပဲ။ မလုပ်တတ်စရာ လုံးဝ မရှိနိုင်ဟု ယူဆသောကြောင့် ဆက်မရေးတော့ပါ။

(ရေးပျင်းသောကြောင့်)

Saturday, 2 November 2013

မိမိစက်ထဲက Data အချက်အလက်တွေသူများဖွင့်ကြည့်လို့မရအောင်ဝှက်ထားချင်ရင်

မိမိစက်ထဲက Data အချက်အလက်တွေသူများဖွင့်ကြည့်လို့မရအောင်ဝှက်ထားချင်ရင်

သူငယ်ချင်းအားလုံးမင်္ဂလာလို့ အာကာဒီတစ်ခါတော့အရမ်းအသုံးဝင်မယ်ထင်တဲ့ဆော့ဝဲလေး
တစ်ခုတင်ပေးလိုက်ပါတယ်ဒီကောင်လေးကိုအရင်ကသုံးဖူးလို့
လိုက်ရှာနေတောအခုတော့ ဒီက နေရခဲ့တယ် မနဲ့ရှာရတယ်
ဒီကောင်လေးက ဘာအသုံးဝင်လည်းဆိုရင် မိမိတို့စက်ထဲမှာရှိတဲ့
Data အချက်အလက်တွေ ဓာတ်ပုံတွေ Video တွေ အခြားသောဖိုင်တွေ အားလုံးအာလုံးကို
လျှို့ဝှက်သိမ်းဆည်းထားနိုင်ပါတယ် ဒီအောင်လေးအခြားဆော့ဝဲလ်တွေနဲ့မတူပါဘူး
အခြားဆော့ဝဲလ်တွေက ဖိုင်တစ်ခုချင်း ဖိုတာ တစ်ခုချင်းပဲဝှက်လို့ရပါတယ် အလုပ်ရှုပ်တာပေါ့
ဒီကောင်လေးကတော့အဲလိုမဟုတ်ပါဘူး သိမ်းရ ၀ှက်ရတာလွယ်ပါတယ်
ဒီကောင်လေးကို Install လုပ်လိုက်တာနဲ့ Yo-Safe(F:) ဆိုပြီး Hard Disk တစ်ခုရပါတယ်
ကိုယ်သိမ်းချင် ၀ှက်ချင်တာတွေအားလုံး Yo-Safe(F:) Hard Disk ထဲမှာကူးပြောင်းပြီး ဆော့ဝဲလ်ကိုပိတ်လိုက်တာနဲ့
Yo-Safe(F:) Hard Disk ပါပျောက်သွားပြီးမည်သူမျှမသိနိုင်တော့ပါဘူး မိမိရဲ့ဘာညာဘာညာတွေ လူများသိမှာဆိုးရင်
ဒီကောင်လေးသာသုံးလိုက်ပါစိတ်ချရပါတယ်.....ပြောနေတာနဲ့လေရှည်တာကဲလိုအပ်ရင်တော့အောက်မှာဒေါင်းလိုက်ပါ
ဖိုင်ဆိုဒ်လည်းသေးပါတယ် 14 MB ကျော်လေးပါပဲ ဆော့ဝဲလ်လေးကိုအောက်မှာဒေါင်းလိုက်ပါ
ပြီးရင်ထုံးစံအတိုင်း Install လုပ်လိုက်ပါ Install လုပ်ပြီးရင် စက် Restart ချလိုက်ပါ မချလို့မရပါဘူး
ချရပါ့မယ့် Restart ချမှ Yo-Safe(F:) Hard Disk ရမယ်သုံးလို့ရပါ့မယ်
ဟိုအောက်ပါအတိုင်းလုပ်လိုက်ပါ


အဆင်(၁) Star ကိုကလစ်နှိပ်ပါ
အဆင့်(၂) password ဖြည့်ပါ Enter Master password နှင့် Confirm password မှာတူညီစွာဖြည့်ပါ
password Hint နေရာမှာ ကိုယ်password မေ့တတ်တယ်ဆိုရင် အမှန်ကိုဖြည့်ပေါ့
မေ့နေရင်အလွယ်တကူကြည့်လို့ရသလို သူများတွေလည်းကြည့်လို့ရပါတယ်
မသိတဲ့သူဆိုရင်မကြည့်တတ်ပါဘူး အခြားရေးချင်ရာရေးထည့်တာကောင်းပါတယ် သူများဖွင့်လို့ရအောင်ပေါ့ နားမလည်ရင် အဆင့်(၆)နဲ့ ဟိုအောက်ဆုံးကပုံကိုကြည့်လိုက်ပါ
password ဖြည့်ပြီးသွားရင် Next ကိုကလစ်နှိပ်ပါ
အဆင့်(၃) အခုလိုမျိုးနေရင်ခဏစောင့်နေပေးပါ
အဆင့်(၄) ok နှိပ်ပါ
အဆင့်(၅) ဒီနေရာရောက်ရင်ကြည့်လိုက်ပါ 2000 MB(2GB) ပဲ မူရင်းရပါတယ်
အဲကိုယ်က GB များများလိုချင်ရင်တော့ 2000MB ဆိုတဲ့နေရာမှာမိမိလိုချင်သလောက်လုပ်လိုက်ပါ
ဥပမာ.5GB လိုချင်ရင် 50000 ....10GB လိုချင်ရင် 10000 လို့ရေးလိုက်ပါ မိမိလိုချင်သလောက်
ဖြည့်ပြီးပြီဆိုရင် Apply ကိုကလစ်နှိပ်လိုက်ပါ ပြီးရင်ပြီးအောင်စောင့်ပါဆိုဒ်ကြီးရင်ကြာပါတယ်
ဒီအဆင့်ကိုနောက်မှာလုပ်လည်းရပါတယ် ကဲဒါတွေပြီးရင် ဖွင့်လို့ရပါပြီ Open မှာအမှတ်ပေးပြီး ok လုပ်လိုက်ပါ
အဆင့်(၆) စောစောကဖြည့်ခဲ့တဲ့ password ကိုမှန်အောင်ရိုက်ထည့်ပြီး ok လုပ်လိုက်ပါ
Hint ဆိုတာလေးကိုကြည့်လိုက်ပါ ညာဘက်ဘေးမှာ အဲဟာလေးကစောစောကအပေါ်မှာ
password Hint နေရာမှာဖြည့်ခဲ့တာကို အခုဒီအောက်ကပုံမှာမြင်ရတဲ့ Hint ဆိုတာကလစ်နှိပ်ရင်ပေါ်လာပါတယ်
ဒါကြောင့်ကိုယ်pass မေ့တတ်တယ်ဆိုရင် အဲနေရာမှာ မှန်အောင်ဖြည့်ထားပါ အမှန်ဖြည့်ထားရင်သူများဖွင့်လို့ရနေပါတယ်
အားလုံးပြီးသွားရင် Yo-Safe(F:) ဆိုပြီး Hard Disk တစ်ခုထွက်လာပါပြီး
မိမိသိမ်းချင်ဝှက်ချင်တာအားလုံးကို အဲ Hard Disk ထဲမှာ သိမ်းပြီးဝှက်နိုင်ပါပြီ
ကဲသိမ်းလို့ဝှက်လို့ပြီးသွားပြီဆိုရင် Close မှာအမှတ်ပေးပြီး ok လုပ်လိုက်ပါ
ဒါဆိုရင် Yo-Safe(F:) Hard Disk လည်းပျောက်သွားပါပြီ ဘယ်သူမှာလည်းမသိတော့ပါဘူး
ဒီပုံကိုကြည့်ပါ အပေါ်မှာ password Hint နေရာမှာ iloveyou လို့ဖြည့်ခဲ့တဲ့အတွက်
Hint မှာနှိပ်ကြည့်ရင် iloveyou ပဲပေါ်ပါတယ် အမှန်တကယ်password မဟုတ်ပါ