Wednesday, 4 December 2013

Driver Reviver v4.0.1.60 For Pc 32 bit or 64 bit

မိမိစက်မှာScan လုပ်ပြီး လိုအပ်တဲ့ Driverတွေကိုယူမယ်
Driveတွေကို Backup လုပ်မယ် စသည်ဖြင့် ရှိပြီး အခြားလုပ်ဆောင်ချက်တွေကိုတော့
http://www.reviversoft.com/driver-reviver/ မှာလေ့လာနိုင်ပါတယ်
လိုင်စင်အတွက်တော့ ခရက်ဖိုင်လေးပါပါတယ် Install လုပ်ပြီး
ပါလာတဲ့ ခရက်ဖိုင်လေးကို  C:\Program Files\ReviverSoft\Driver Reviver\
အထိသွားပြီးတာ့ ထည့်လိုက်ပါ ပြီးရင် လိုင်စင်ဗားရှင်းနဲ့သုံးလို့ရပါပီ
System Requirements
  • - Windows® 7, Vista, XP Pro, XP Home, 32 bit or 64 bit Editions.
  • - 300MHz or higher processor
  • - 256 MB of RAM
  • - 22 MB of hard disk space
  • - Internet access is required to register and download driver updates
Download>>>> Driver.Reviver(or) Driver.Reviver 

I-Mobile IQ 2, IQ 3, IQ 4, IQ 5 အတွက် Drivers များနှင့် Driver တင်နည်း


I-Mobile IQ 2, IQ 3, IQ 4, IQ 5 အတွက် Drivers တွေကို အောက်ကလင့်မှာ ဒေါင်းပါ...

IQ2 

IQ3

IQ4

IQ5

ကဲ.. ဒေါင်းပြီးပြီဆိုရင် Install လုပ်နည်းဆီသွားကြည့်ရအောင်..
1. မိမိဖုန်းမှာ Setting>Application> Unknown Source ကို အမှန်ခြစ်အရင်ခြစ်လိုက်ပါ...
2. Setting>Application>Develop အတိုင်းဝင်ပြီးတော့  USB Debugging , Stay Awake, Allow mock location တွေရဲ့ဘေးမှာ အမှန်ခြစ်ထားလိုက်ပါ..
3. ဖုန်းကို Computer နဲ့ချိတ်လိုက်ပါ..
4. My Computer ကို Right Click ထောက်လိုက်ပြီး Manage ကိုနှိပ်လိုက်ပါ.. ပြီးရင် Device Manager ကို ထပ်နှိပ်လိုက်ပါ.. ညာဘက်မှာ ကိုယ်တပ်ဆင်ထားတဲ့ ဖုန်းကို ကွန်ပျူတာက မသိသေးကြောင်း အ၀ါရောင် ? လေး ပေါ်နေပါမယ်..
5. အဲဒီ အ၀ါရောင် ? လေးကို ညာကလစ်ထောက်ပြီး Update Driver ကိုနှိပ်လိုက်ပါ...
Install from a list or specific location ( Advanced ) ကိုရွေးပြီး Next ကိုနှိပ်လိုက်ပါ.. ထပ်ပေါ်လာတဲ့အကွက်ထဲမှာ Browse ကိုနှိပ်ပြီး ကိုယ်ဒေါင်းထားခဲ့တဲ့ ဖိုင်ကို ရွေးပေးလိုက်ပါ.. ပထမ Folder ကြီးကို ရွေးပြီး Next ကို နှိပ်ပါ.. မရရင် အထဲမှာ AMD နဲ့ x86 ဆိုတာ နှစ်ဖိုင်ပါတယ်..အဲဒီ ဖိုင်တစ်ခုခုကို ရွေးပြီး Next ကိုနှိပ်ပါ.. Driver Install လုပ်နေတာကို တွေ့ပြီဆိုရင် အိုကေပြီပေါ့.. ကွန်ပျူတာကို
6. Restart ချလိုက်ပြီး ဖုန်းကို ထပ်ချိတ်ကြည့်ပါ.. ခုနကလိုပဲ Manage ထဲက Device Manager ထဲမှာ ကိုယ့်ဖုန်းကို သိပြီဆိုရင် ရပါပြီ...

ဝန်ခံခြင်း... ( ဒီ Driver တွေကို ကျွန်တော် မတင်ဖူးပါ.. လေ့လာမိသလောက် ပြန်လည် ဖောက်သည်ချထားခြင်းသာ ဖြစ်ပါတယ်ခင်ဗျာ.. )

သင်ဆရာ မြင်ဆရာတို့ကို ဦးထိပ်လျက်
 

Driver Pack Solution Professional 13 R-380 DVD ISO (4.36 Gb)


C Box ကရော Email ကပါ တောင်းဆိုထားကြတဲ့ ညီငယ်များနဲ့ မိတ်ဆွေများအတွက် ကျွန်တော်လဲ ကြိုးစားပြီး Driver Pack Solution Professional 13 ကို တင်ပေးလိုက်ပါပြီဗျာ။ (လက်ရှိ ကျွန်တော် သုံးနေတဲ့ အင်တာနက်က 12 Mb ဆိုပေမဲ့ တခါတလေ အပြည့်အဝမလာ တော့ ဒီ Driver Pack ကို ၂-ရက်နီးပါး ကြိုးစာပြီးတင်ရပါတယ်။ 
ဒီထက်မြန်တဲ့ 25 Mb,1 Gb အင်တာနက် ကို သုံးနိုင်ဖို့ ဆုတောင်းပေးပါ။) ။ ဖိုင်ဆိုဒ်က 4.36 GB ရှိတာမို့ RAR ဖိုင် (၈)ဖိုင်ခွဲပြီးတင်ပေးထားပါတယ်။ အရင်တလောက တင်လိုက်တဲ့ Driver Pack က Windows 7 တခုထဲသုံးလို့ရတာပါ။ အခုတင်လိုက်တဲ့ Driver Pack Solution 13 က Windows XP/Vista/7/8 အားလုံးအတွက် အသုံးပြုနိုင်ပါတယ်။

 ဒီဆော့ဝဲကို အင်စတောပြီးရင် နောက်ထပ်ဘာ Driver မှ ထပ်ထည့်စရာ မလိုတော့ပါ။ အားလုံး ပြည့်စုံ သွားမှာ ဖြစ်ပါတယ်။ ဖိုင် (၈)ဖိုင်လုံးဒေါင်လုပ်ယူပြီး  WinRAR နဲ့ Extract လုပ်ပါ။ ISO ဖိုင် တဖိုင်ထဲ ပြန်ရပါမယ်။ ၎င်း ISO ဖိုင်ကို DVD မှာ Burn လုပ်၍ဖြစ်စေ၊ Mount(Extract) လုပ်၍ဖြစ်စေ အင်စတော လုပ်နိုင်ပါပြီ။

စိတ်ဝင်စားရင် အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။


 အားလုံးအဆင်ပြေပါစေ.......။

Driver ပေါင်း တစ်သိန်း စုစည်းမှု

 http://203.172.169.195/driver/100,000%20DRIVER+%E0%B8%9B%E0%B8%81/Picture%20003.jpg
Driver ပေါင်း တစ်သိန်းဆိုကတည်းကိုက Service သမားတွေရော User တွေပါစိတ်ဝင်စားကြမယ်လို့ထင်ပါ တယ်ဗျာ ။ တကယ်လည်းစိတ်ဝင်စားစရာကောင်းပါတယ်။ ဘာကြောင့်လည်းဆိုရင်တော့ ကွန်ပြူတာမှာ အရေးကြီးဆုံးဟာ Driver ပါဘဲ။ Driver မရှိဘူးဆိုရင်တော့ အဲဒီကွန်ပြူတာဟာ အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ ဒါကြောင့် အားလုံးအတွက်အသုံးတည့်စေမယ့် Driver ပေါင်းတစ်သိန်းစုစည်းထားတာလေးကို ဘော်ဒါကြီး ဦးဦးကောင်းခန့် ဆီကနေ ယူလာတာပါဗျာ။


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။


Asus K53S / SV Drivers Windows 7 64-bit For Laptop




Asus K53S / SV Drivers Windows764bit  အတွက် Driver အတွက်တင်ပေးလိုက်ပါပြီ..လိုအပ်သော မိတ်ဆွေအပေါင်း လိုအပ်သလိုဒေါင်းယူပြီးသုံးစွဲနိုင်ပါတယ်နော်   တွေကရှိသမျှ လေးကိုပြန်လည် မျှဝေ ပေးခြင်းဖြစ်ပါတယ်...  အ ကုန်ဒေါင်းပြီး Install လုပ်ရုံပါ..အဆင်ပြေပါစေခင်မျာ..


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ

DriverEasy Professional v4.6.2.32670 + Keygen Free Download

http://uimg.in/images/2013/08/03/eZYQ4p.jpg
PC ဒါမှမဟုတ် Laptop အတွက် Driver ပြသာနာရှိသူများ နဲ့ Driver လိုအပ်နေသူများအတွက် DriverEasy Professional နောက်ဆုံးထွက် Version လေးကိုတင်ပေးလိုက်ပါတယ်ဗျာ။ ဒီကောင်လေးက အသုံးပြုရလွယ် ကူတဲ့အတွက် လူသုံးများပါတယ်။ Computer နဲ့ Hardware Device တွေမှာ Detect မသိခဲ့ဘူး Driver မရှိဘူး ဆိုရင် DriverEasy Professional ကဆောင်ရွက်ပေးပါလိမ့်မယ်။ မိမိမှာရှိထားပြီးသော Driver များကို Back/Restore ပြုလုပ်နိုင်ခြင်း ၊ မလိုအပ်သော Driver များကို Uninstall ပြုလုပ်ပေးနိုင်ခြင်း ၊ Window အား Update ပြုလုပ်ပေးနိုင်ခြင်း ၊ ရှိထားပြီးသော Driver များကို Update ပြုလုပ်နိုင်ခြင်း စတာတွေအပြင် အခြား လုပ်ဆောင်ချက်များစွာကိုလည်းပြုလုပ်ပေးနိုင်ပါတယ်။ လုပ်ဆောင်ချက်အသေးစိတ်ကိုတော့အောက်မှာ ရှင်းပြထားပါတယ်ဗျာ။ File Size ကလည်း 4.4MB လေးဘဲရှိတဲ့အတွက် ဒေါင်းဖို့အဆင်ပြေပါတယ်။ အမြဲ တမ်းသုံးနိုင်အောင် Full Version အဖြစ် Keygen ကိုထည့်ပေးထားပါတယ်ဗျာ။
DriverEasy is an application that you can use to locate missing drivers and download them on your computer. Once you initiate the program with the user-friendly interface, you can view system information that focuses on the machine, operating system, RAM, processors and motherboard. But you can also view data about hardware, such as video cards, monitors, hard disk, network card and audio card.

So, all you have to do is initiate the scanning process and DriverEasy will start locating your missing drivers (e.g. keyboards, mice and other pointing devices, sound, video and game controllers, human interface devices, display adapters).

Your One-Stop Driver Solution:
Driver Easy is design for quickly and easy to identify unknown device's drivers, and keep your driver in latest version. Much more, we have implement driver backup, driver restore, and driver uninstall feature, to ensure your driver secure and safe.

Detect Unknown Device Driver:
Driver Easy has a huge online database, which include over 100,000,000 hardware device's driver, with it revolutionary driver detect engine, it help you download the unknown device driver, help you fix the driver issue.

Keep Existing Driver Up-to-Date:
With our daily update driver database, your system will improve the performance, fix the blue screen problem, add more enhance feature by install the latest drivers.

Backup & Restore Drivers:
Do not worry about it if you lost the driver disc, Driver Easy can backup the driver your current installed, you can restore it after system reload. This is an benefit feature if you not sure are the new driver compatible your system or not, you can backup existing driver, and roll-back it later.

Uninstall Removed Hardware Driver:
When you replace the graphic card, do you know Windows still keep your old one driver, and will launch it each time, when Windows start up. This will case the system slowing boot up, and may case some system conflict. Driver Easy allow you uninstall the removed hardware, to clean up your system.

 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။





http://adf.ly/ZLOAt



http://adf.ly/ZLOAt

ကွန်ပြူတာထဲက RAM ကို ကူညီပေးမယ့် ReadyBoost အကြောင်း

credit >>> အခြေခံနည်းပညာသမားလေး
refer >>> အိုင်တီမုဆိုး
ကျွန်တော်တို့ရဲ့ ကွန်ပြူတာမှာ Hardware ပေါင်းများစွာနဲ့ အလိုက်သင့် ချိတ်ဆက်လည်ပတ်နေတယ်ဆိုတာ အားလုံးလည်း သိပြီးသားပါ ..
ဒါပေမယ့် ကျွန်တော်တို့တွေ သုံးနေတဲ့ ကွန်ပြူတာတွေမှာ ကျွန်တော်တို့လိုချင်သလောက် Hardware တွေကို တိုးမြှင့်သုံးစွဲနိုင်ဖို့ဆိုတာ အမြဲတမ်းမဖြစ်နိုင်ပါဘူး ..
ဥပမာ .. RAM ကို1GB သာ Support လုပ်ပေးနိုင်တဲ့ mother board ပေါ်မှာ စက်ကို ပိုပြီးမြန်စေချင်တဲ့ စိတ်နဲ့ RAM ကို 1GB နှစ်ချောင်း .. ဒါမှမဟုတ် 2GB တစ်ချောင်း အဲဒီလို ပိုပြီး ပမာဏမြင့်တဲ့ Hardware တစ်ခုခုကို တိုးမြှင့်အသုံးပြုလို့ လုံးဝ အဆင်ပြေမှာမဟုတ်ပါဘူး
အဲဒီတော့ ကျွန်တော်တို့မှာ RAM အသုံးချမှု မြင့်မားတဲ့ ပရိုဂရမ်တွေကို အသုံးပြုတဲ့အခါမှာ ကိုယ့်စက်ထဲက RAM ပမာဏဟာ ကန့်သတ်ပမာဏ နည်းနေမယ်ဆိုရင် အသုံးပြုနေရင်နဲ့ Forced stop ဖြစ်တာမျိုးတွေ Hang သွားတာမျိုးတွေ .. အဲဒီလို ပြဿနာမျိုးတွေနဲ့ ကြုံရမှာဖြစ်ပါတယ် ..


ဒါမျိုး ဘာကြောင့်ဖြစ်တာလည်းဆိုတော့ ကျွန်တော်တို့အသုံးပြုနေတဲ့ ပရိုဂရမ်တစ်ခုရဲ့ သက်ဆိုင်ရာဒေတာတွေကို ပထဦးဆုံး RAM ( Random Access Memory ) ပေါ်မှာ အရင်ဆုံး ကူးယူမှတ်သားထားပြီးမှ သူဆီမှာမှတ်သားထားတဲ့ ဒေတာတွေကို အလွယ်တကူ ယူသုံးလိုက်တာဖြစ်ပါတယ် .. အဲဒီလို မှတ်သားထားတဲ့ ဒေတာတွေကို Cache Memory လို့လည်း ခေါ်ပါတယ် .. Cache Memory အဖြစ်နဲ့ သာမှတ်ပေးမယ့် ကြားခံ Hardware မရှိဘူးဆိုရင် ကျွန်တော်တို့ရဲ့ ကွန်ပြူတာတွေဟာ ကီးတစ်ခုကိုနှိပ်ပြီးတာနဲ့ အဲဒီကီးရဲ့ Output ကို ရဖို့ အနည်းဆုံး 0.07 စက္ကန့်လောက် စောင့်ပေးနေရမှာဖြစ်ပါတယ် .. သိပ်များပြားတဲ့ အချိန်ပမာဏ မဟုတ်ဘူးလို့ ထင်ရပေမယ့် Digital စနစ်အရတော့ ကမ္ဘာကို တစ်ဝက်ကျော်ကျော်လောက် ပတ်ပစ်လို့ရနိုင်တဲ့ အချိန်ပမာဏပဲ ဖြစ်ပါတယ် ..
ကဲ .. အဲဒါဆိုရင် စက်ကထောက်ပံ့ပေးနိုင်တဲ့ RAM ပမာဏကလည်း နည်းတယ် ကိုယ်ကလည်း RAM အသုံးချမှု မြင့်မားတဲ့ ပရိုဂရမ်မျိုးကိုလည်း မဖြစ်မနေ အသုံးပြုရတော့မယ် .. ဒါမှမဟုတ် .. RAM ထောက်ပံ့နိုင်မှုတော့ ရှိပါရဲ့ ဒါပေမယ့် ကိုယ့်အတွက် RAM ထပ်စိုက်လို့ရတဲ့ အခြေအနေမျိုးမရှိဘူး (ဥပမာ- ဆိုင်မှာသုံးနေရတာမျိုး .. RAM ရှာရခက်တဲ့နေရာဒေသမျိုး ) အဲဒီလို အခြေအနေမျိုးနဲ့ ကြုံရပြီးဆိုင်ရင် ကျွန်တော်တို့ရဲ့ ကွန်ပြူတာတွေကို ပစ်လိုက်ရတော့မှာလား
အဲဒီလောက် စိမ်းကားစရာမလိုပါဘူး .. ဘာကြောင့်လဲဆိုတော့ ၀င်းဒိုးစနစ်ထဲမှာပါတဲ့ RAM ကို ထောက်ကူအားပေးမယ့် နည်းပညာလေးတစ်ခုရှိပါတယ် ..
အဲဒါကဘာလဲဆိုတော့ ReadyBoost နည်းပညာပါ ..
ReadyBoost ဆိုတာကတော့ ခဏတဖြုတ် မှတ်သားဖို့လိုအပ်တဲ့ ဒေတာတွေကို RAM ပေါ်မှာ မှတ်သားမယ့်အစား USB ပေါ်မှာလွှဲပြောင်းမှတ်သားခြင်းအားဖြင့် RAM ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို တို့မြှင့်လာအောင် ကူညီပေးမယ့် နည်းစနစ်ပဲ ဖြစ်ပါတယ် ..
ဒါပေမယ့် ဒီနည်းစနစ်ရဲ့ အကျိုးသက်ရောက်မှုဟာ RAM = 1GB နဲ့အထက်ရှိတဲ့ ကွန်ပြူတာတွေအတွက် ထင်ထင်ရှားရှား သိနိုင်မှာမဟုတ်ပေမယ့် RAM = 1GB အောက်ပဲရှိတဲ့ ကွန်ပြူတာတွေမှာ တော့ သိသိသာကြီးကို ကွန်ပြူတာရဲ့ Performance တွေ တိုးတက်လာတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ် ..
ဘာကြောင့်လဲဆိုတော့ RAM ပမာဏ 1GB လောက်ရှိပြီဆိုရင်ပဲ တော်တော်တန်တန် များပြားတဲ့ Cache Memory တွေကို မှတ်သားနိုင်လို့ တခြားနေရာမှာ ကူညီမှတ်သားစရာ သိပ်မလိုတော့တာပါ ..
ဒါပေမယ့် RAM = 1GB အောက် ( အထူးသဖြင့် 512MB ) လောက်ပဲ ရှိတဲ့ ကွန်ပြူတာတွေမှာတော့ RAM ထဲမှာ မဆံ့တော့တဲ့ Cache Memory တွေကို ReadyBoost လုပ်ထားတဲ့ USB (memory stick, flash drive ) ထဲမှာ ပြောင်းလဲသိမ်းဆည်းပြီး အသုံးပြုနိုင်တာကြောင့် သိသာတဲ့ Performance တိုးတက်လာမှုတွေကို မြင်ရတာဖြစ်ပါတယ် ..
ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ ကွန်ပြူတာမှာ RAM = 8GB စိုက်ထားတာတောင် ReadyBoost လေးလုပ်ပြီး အသုံးပြုပါတယ် .. ဘကြောင့်လဲဆိုတော့ RAM ရဲ့ တန်ဘိုးက USB တစ်ချောင်းရဲ့ တန်ဘိုးထက် ပိုမြင့်တယ်လို့ တွေးမိတဲ့အပြင် .. တတ်နိုင်သလောက် ကိုယ့်စက်ရဲ့ ကျန်းမာရေးကို အထောက်အကူပြုမယ့် နည်းတွေကို အသုံးပြုတဲ့သဘောပဲ ဖြစ်ပါတယ် ..
ကဲ .. နည်းနည်းလည်း ရှည်သွားပြီ .. ReadyBoost လုပ်နည်းလေး ပြောပြပါမယ် ..
ပထဆုံး 2GB နဲ့ အထက်ရှိတဲ့ Memory Stick လေးတစ်ချောင်းတော့ လိုပါတယ် .. ဒီနေရာမှာ တစ်ခုပြောချင်တာက တစ်ချို့သော Flash Drive တွေဟာ ReadyBoost လုပ်လို့ရလောက်တဲ့ Speed မျိုး မရှိတာတွေဖြစ်တတ်ပါတယ် .. ဒါကြောင့် နံမည်ရှိပြီးသား Brand မျိုးကိုသာ ၀ယ်ယူသင့်ပါတယ် ..
ကဲ .. USB လေးရလာပြီပေါ့ .. မားသားဘုဒ်မှာ အဲဒီ USB လေးကို ထိုးလိုက်ပါ ..
ပြီးရင် my computer ကိုဖွင့်ပါ .. အဲဒီထဲက ကိုယ်ထိုးလိုက်တဲ့ USB ပေါ်မှာ Right Click နှိပ်ပြီး ကျလာတဲ့ထဲက Properties ကိုနှိပ်ပေးလိုက်ပါ ..


အဲဒီအခါ ပွင့်လာတဲ့ Box ထဲက ReadyBoost ကိုနှိပ်ပြီး ပေါ်လာတဲ့ထဲက Use this device မှာ အမှတ်တပ်ပေးလိုက်ပါ ... အဲဒီထဲက အပေါ်ဆုံးမှာရှိတဲ့ Do not use ... ဆိုတာကတော့ ReadyBoost လုပ်ထားတဲ့ USB ကို ReadyBoost အဖြစ်အသုံးမပြုချင်တော့ရင် သူ့ကိုနှိပ်ပေးပြီး Apply နှိပ် Ok နှိပ်ပြီး မှ Format ချလို့ရမှာဖြစ်ပါတယ် .. ( ဒီအတိုင်းဆိုရင် ReadyBoost လုပ်ထားတဲ့ USB ကို Format ချလို့ လုံးဝမရပါဘူး ) ဒုတိယစာကြောင့်ဖြစ်တဲ့ Dedicate this device .... ဆိုတာကတော့ ကိုယ့်ရဲ့ USB ဟာ ReadyBoost လုပ်လို့ ရမရ စမ်းပေးမယ့်နေရာပါ .. အောက်ဆုံးက Use this device ကတော့ ReadyBoost လုပ်မယ့်အခါ မဖြစ်မနေသုံးရမယ့် နေရာပါ .. 4094 MB ဆိုတဲ့ နေရာကတော့ USB ပေါ်မှာ ReadyBoost အဖြစ် အများဆုံးအသုံးပြုနိုင်တဲ့ ပမာဏကို ဖော်ပြထားတာဖြစ်ပါတယ် .. ကျွန်တော်က 4G ပမာဏရှိတဲ့ USB ကိုသုံးပြထားလို့ အဲဒီလောက် ပမာဏပြနေတာပါ .. အဲဒီပမာဏကို ကိုယ်လိုသလို လျှော့ပေးလို့လည်း ရပါသေးတယ် .. ( တိုးလို့တော့ မရပါဘူး)

အဲဒီထဲက အောက်ဆုံးမှာရှိတဲ့ Use this device ကိုအမှတ်တပ်ပြီး Apply ကိုနှိပ်လိုက်ရင် အဲဒီ USB ကို ReadyBoost လုပ်လို့ရမရ configure လုပ်နေတာကို ခဏလောက်စောင့်ပေးပြီး Error Box တက်မလာဘူးဆိုရင် Ok ကိုနှိပ်ပေးလိုက်ရုံပါပဲ ..
နောက်ဆုံး ReadyBoost လုပ်လိုပြီးသွားပြီဆိုတာနဲ့ USB လေးဟာ Cache Memory တွေနဲ့ ပြည့်လုနီးပါး ဖြစ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်

ကောင်းတာကတော့ ReadyBoost အဖြစ်သုံးတဲ့ USB ကို Mother Board ဖက် ( အနောက်ဖက် )က USB ပေါက်မှာထိုးထားပြီး အမြဲတမ်း တပ်ဆင်အသုံးပြုသင့်ပါတယ် .. RAM အသုံးပြုမှုမြင့်တဲ့ ပရိုဂရမ်တွေကို သုံးတော့မယ်ဆိုမှ ReadyBoost USB ကိုတပ်လိုက်ရင်လည်း ဖြစ်ပါတယ် ..
ကဲ .. အားလုံးအဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်